မရမ်းကုန်းမြို့နယ်တွင် Probox ယာဉ်တစ်စီး ဂတ်စ်အိုးပေါက်ကွဲရာမှ ကားမီးလောင်မှုဖြစ်ပွား

0
281

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်တွင် ယနေ့ (ဖေဖော်ဝါရီ ၂၀) ညပိုင်းက Probox ယာဉ်တစ်စီး ဂတ်စ်အိုးပေါက်ကွဲရာမှ ကားမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

မရမ်းကုန်းမြို့နယ်၊ သမိုင်းလမ်းဆုံတွင် ယနေ့ည ၈ နာရီ ၃၀ မိနစ်ခန့်က Probox ယာဉ်တစ်စီး ဂတ်စ်အိုးပေါက်ကွဲရာမှ ကားမီးလောင်မှုဖြစ်ပွားခဲ့သည့်အအတွက် မရမ်းကုန်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၂)စီး ထွက်ခွာငြှိမ်းသတ်ခဲ့ရပြီး ၈ နာရီ ၃၃  အချိန်တွင် မီးငြိမ်းသွားကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်တွင် ယာဉ်မောင်းအချိန်မှီပြေးထွက်နိုင်ခဲ့သဖြင့် ထိခိုက်ဒဏ်ရာ ရရှိသူမရှိကြောင်း သိရသည်။

ရန်ကုန်တွင် ယနေ့နံနက် ၉ နာရီအချိန်ခန့်ကလည်း ဒဂုံမြို့နယ်၊ ယောမင်းကြီးရပ်ကွက်၊ ယောမင်းကြီးလမ်းတွင် ယာဉ်(၁)စီး မီးလောင်မှုဖြစ်ပွားခဲ့သေးသည်။

ဓာတ်ပုံ – CJ


LEAVE A REPLY

Please enter your comment!
Please enter your name here