နစက ဥက္ကဋ္ဌမှ ဂျပန်ဝန်ကြီးချုပ်ဟောင်းနှင့်ဂျပန်- မြန်မာချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ တို့အား ဂုဏ် ထူးဆောင်ဘွဲ့နှင့်စွမ်းဆောင်မှုဆိုင်ရာဘွဲ့တံဆိပ်များ ဂုဏ်ပြုချီးမြှင့်

0
260

နစက ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဂျပန်ဝန်ကြီးချုပ်ဟောင်းနှင့်ဂျပန်-မြန်မာချစ် ကြည်ရေးအသင်းဥက္ကဋ္ဌတို့အား ဖေဖော်ဝါရီ ၂၀ ရက်က ဂုဏ်ထူးဆောင်ဘွဲ့နှင့်စွမ်းဆောင်မှုဆိုင်ရာဘွဲ့တံဆိပ်များကို နေပြည်တော်၌ ဂုဏ်ပြုချီးမြှင့်အပ်နှင်းခဲ့သည်။

နစက ဥက္ကဋ္ဌမှ ၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ငြိမ်းချမ်းသာယာဝပြောရေးအတွက် စွမ်းစွမ်းတမံပူးပေါင်းဆောင်ရွက်ခဲ့ကြသည့် ပုဂ္ဂိုလ်များအား ဂုဏ်ထူးဆောင်ဘွဲ့များ၊ဂုဏ်ထူးဆောင်တံဆိပ်များကို ဇန်နဝါရီ ၁ ရက်နှင့် ၂ ရက်တို့က ချီးမြှင့်အပ်နှင်းခဲ့ပြီးဖြစ်သည်။

ယနေ့တွင်လည်း နစက ဥက္ကဋ္ဌမှ ဂုဏ်ထူးဆောင်တံဆိပ်နှင့်အဆောင်အယောင်များချီးမြှင့်အပ်နှင်းရာ Japan- Myanmar Association Chairman ဖြစ်သူ H.E Mr. HIDEO WATANABE နှင့်တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် နစက ဥက္ကဋ္ဌမှ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ငြိမ်းချမ်းသာယာဝပြောရေးအ တွက် စွမ်းစွမ်းတမံပူးပေါင်းဆောင်ရွက်ခဲ့၍ စွမ်းဆောင်မှုဆိုင်ရာဘွဲ့တံဆိပ်ရရှိခဲ့သည့် Japan- Myanmar Association Chairman ဖြစ်သူ H.E. Mr. HIDEO WATANABE အား သီရိပျံချီ ဘွဲ့တံဆိပ်နှင့်အဆောင်အယောင်ကို လက်ရောက်ချီးမြှင့်အပ်နှင်းခဲ့သည်။

ထို့ပြင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ငြိမ်း ချမ်းသာယာဝပြောရေးအတွက် စွမ်းစွမ်းတမံပူးပေါင်းဆောင်ရွက်ခဲ့၍ ဂုဏ်ထူးဆောင်ဘွဲ့ တံ ဆိပ်ရရှိခဲ့သည့် ဂျပန်နိုင်ငံဝန်ကြီးချုပ်ဟောင်း Mr. Taro Aso အား သရေစည်သူဘွဲ့တံဆိပ်နှင့် အဆောင်အယောင်ကို ချီးမြှင့်အပ်နှင်းရာ Japan-Myanmar Association Chairman ဖြစ်သူ H.E. M. HIDEO WATANABE က ဂျပန်နိုင်ငံဝန်ကြီးချုပ်ဟောင်းကိုယ်စား လက်ခံရယူခဲ့သည်။

“အဆွေတော်အနေဖြင့် နှစ်နိုင်ငံနဲ့တပ်မတော်နှစ်ရပ်ကြား ချစ်ကြည်ရင်းနှီးမှု၊မြန်မာနိုင်ငံဖွံ့ဖြိုးတိုး တက်မှုနဲ့ဂျပန်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုတွေ မြန်မာ နိုင်ငံကို လာရောက်ဆောင်ရွက်နိုင်ဖို့အတွက် အစွမ်းကုန်ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ် အဆွေတော်ရဲ့ ကြိုးပမ်းခဲ့မှုတွေကြောင့် နှစ်နိုင်ငံအစိုးရ၊ပြည်သူတွေနဲ့ တပ်မတော်နှစ်ရပ်ကြား ပူးပေါင်းဆောင်ရွက်မှုနဲ့ချစ်ကြည်ရင်းနှီးမှုတွေခိုင်မာစွာဆောင်ရွက်နိုင်ခဲ့တာပါ အခုထက်ပိုတိုးတက်အောင် ဆက်လက်ကြိုးပမ်းဆောင်ရွက်နိုင်မယ်လို့ ယုံကြည်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောကြားခဲ့သည်။

H.E. Mr. HIDEO WATANABE ကလည်း အနာဂတ်တွင် ယခုဘွဲ့တံဆိပ်နှင့်ကိုက်ညီသည့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို ယခုထက်ပိုမိုတိုးတက်အောင် ဆောင်ရွက်သွားမည်ဟု ကတိပြုပြောကြားခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးနှင့်မြန်မာ့တပ်မတော်၏ ရပ်တည်မှုအတွက် မိမိအသက်ရှင်သန်နေသည့်အချိန်အထိ ရာသက်ပန်ကြိုးပမ်း ဆောင်ရွက်သွားမည်ဟုလည်း H.E. Mr. HIDEO WATANABE ကပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here