ကျောင်းမအပ်နှံနိုင်မူများအား စိစစ်၍ သက်မွေးအတတ်ပညာသင်ကျောင်းများ၌ အပ်နှံသင်ယူနိုင်ရန်လုပ်ဆောင်မည် 

0
159

မန်းဝန်ကြီးချုပ်က​နေ နစက အဖွဲ့ဝင်ဖြစ်သွားသည့် ဦးမောင်ကို၊ပြန်ကြားရေး ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းနှင့် မန္တလေးတိုင်းဝန်ကြီးချုပ်အသစ်ဖြစ်လာသည့်ဦးမျိုးအောင်တို့မှ မန္တလေးမြို့ပေါ်ရှိ တက္ကသိုလ်/ဒီဂရီ ကောလိပ်/ကျောင်းများမှ ပါ မောက္ခချုပ်များ၊ ဒု-ပါမောက္ခချုပ်များ၊တိုင်း/ခ ရိုင်/မြို့နယ် ပညာရေးမှူးများ၊အထက်တန်း/အ လယ်တန်းကျောင်းအုပ်ကြီးများအား ဖေဖော်ဝါရီ ၂၀ ရက်ကတွေ့ ဆုံခဲ့ကြသည်။

ကျောင်းများအပ်နှံချိန်တွင် ဆရာ၊မိဘနှင့်ကျောင်းသား၊ကျောင်းသူများ ပေါင်း စပ်ဆောင်ရွက်မှုဖြင့် ကျောင်းအပ်နှံ/တက်ရောက်မှု မြင့်မားလာ​အောင်လုပ်​ဆောင်​​ရေးနှင့် ကျောင်းအပ်နှံရန် ပျက်ကွက်မှုများအား အသေးစိတ်စိစစ်၍ သက်မွေးအတတ်ပညာသင်ကျောင်းများတွင် မပျက်မကွက် အပ်နှံသင်ယူနိုင်ရေးကိုလည်း လုပ်​ဆောင်ရမည်ဟု နစက အဖွဲ့ဝင်ဦးမောင်ကိုကမှာကြားခဲ့သည်။

ပြီးခဲ့သည့် နှစ်နှစ်တာကာလအတွင်း မန္တလေး တိုင်းအစိုးရအဖွဲ့နှင့်ဝန်ထမ်းများ၊ပြည်သူများ ညီညွတ်စွာကြိုးပမ်းဆောင်ရွက်ခဲ့၍ သင့်တင့်ကောင်းမွန် သော အခြေအနေတစ်ရပ်ကို ရရှိခဲ့ပြီးဖြစ်၍ပိုမိုကောင်းမွန်အောင် ကြိုးပမ်း​ရေးတိုက်တွန်းခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here