လမ်းဘေးစကားထိုင်ပြောနေသော လူအုပ်စုအား ဆိုင်ကယ်မှဝင်တိုက်မိမှု ပြည်မြို့ရှောင်လမ်းမတွင် ဖြစ်ပွား၊ (၄)ဦး ဒဏ်ရာရ

0
136

ပဲခူးတိုင်းဒေသကြီး ၊ အနောက်ပိုင်း (ပြည်ခရိုင်) ပြည်မြို့တွင် လမ်းဘေးထိုင်စကားပြောနေသော လူအုပ်အား ဆိုင်ကယ်တစ်စီးမှ ၀င်တိုက်မှုဖြစ်ပွားခဲ့သည်။

ပြည်မြို့ရှောင်လမ်းမ (အေးငြိမ်းရာလမ်းထိပ်)၌ လမ်းထိပ်တွင် ထိုင်စကားပြောနေသော လူအုပ်အား ဆိုင်ကယ်တစ်စီးက ယမန်နေ့ (ဖေဖော်ဝါရီလ ၂၀ ရက်) ည ၉ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် ၀င်တိုက်မိခဲ့ခြင်းဖြစ်သည်။

“လမ်းဘေးမှာထိုင်ပြီးစကားပြောနေကြတာကို ဆိုင်ကယ်က ၀င်တိုက်မိတာ၊ ဆိုင်ကယ်က အရှိန်လွန်လာပြီး ၀င်တိုက်မိတာ ဖြစ်ပါတယ်၊ တခြား လူမှုရေး အရှုပ်အရှင်းမရှိပါဘူး”ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ ပရဟိတ ပါရမီ (ပြည်) မှ တာ၀န်ရှိသူတစ်ဦးက ပေါ်ပြူလာနယူး(စ်) သို့ပြောသည်။

အဆိုပါဖြစ်စဉ်ကြောင့်အမျိုးသား (၃)ဦး နှင့် အမျိုးသမီး (၁)ဦး စုစုပေါင်း (၄) ဦး ဒဏ်ရာရရှိခဲ့ပြီး ဦးခေါင်းကွဲ ၊ ဂျိုစောင်းဖု (ကျား)လူနာ၊ နားသွေးထွက် ၊ ညာနားထင်ဖု ( မ)လူနာ၊ ညာခြေပွန်းပဲ့ – ခြေလက်ပေါက်ပြဲ (ကျား+)လူနာတို့အား မြေပြင်အရေးပေါ်ကုသ သွေးထိန်းပတ်တီးစီးကာ လိုအပ်သည်များကိုပြုစုကူညီပေး၍ အရေးပေါ်ဆေးကုသမှုခံယူရန်ပရဟိတပါရမီမှ အရေးပေါ်ယာဥ်များနှင့် ခေတ္တရာလူငယ်များ(ပီတိ)အသင်းမှ အရေးပေါ်ယာဥ်တို့ဖြင့်ပြည်ဆေးရုံကြီး အရေးပေါ်ဌာနသို့ ပို့ဆောင်ကူညီပေးခဲ့သည်ဟု သိရသည်။

ဓာတ်ပုံ – မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ ပရဟိတ ပါရမီ – Pyay Rescue


LEAVE A REPLY

Please enter your comment!
Please enter your name here