ထပ်ဆင့် အကယ်ဒမီ သီဟတင်စိုး နှလုံးရောဂါဖြင့် ကွယ်လွန်

0
518

ရုပ်ရှင်သရုပ်ဆောင် ထပ်ဆင့်အကယ်ဒမီ သီဟတင်စိုးသည် ယနေ့ ဖေဖေါ်ဝါရီလ (၂၁) ရက်တွင် နှလုံးရောဂါဖြင့် ကွယ်လွန်သွားကြောင်း မိခင်ဖြစ်သူက ပေါ်ပြူလာနယူး(စ်)သို့ အတည်ပြု ပြောကြားသည်။

အကယ်ဒမီ သီဟတင်စိုးသည် ယနေ့ နံနက်ပိုင်းတွင် နှလုံးရောဂါဖောက်ခဲ့သည့်အတွက် သင်္ဃန်းကျွန်း စံပြဆေးရုံသို့ ပို့ဆောင်စဉ်လမ်း၌ ကွယ်လွန်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ထပ်ဆင့်အကယ်ဒမီ ကိုသီဟတင်စိုး နှလုံးရောဂါနဲ့ ယနေ့ကွယ်လွန်သွားကြောင်း သိရလို့ ကျန်ရစ်သူမိသားစုဝင်တွေနဲ့အတူ အထူးဝမ်းနည်းစိတ်မကောင်း ဖြစ်ရပါတယ်” ဟု သရုပ်ဆောင် ဝေဠုကျော်ကလည်း လူမှုကွန်ရက်တွင်ရေးသားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here