စက်သုံးဆီအရောင်းဆိုင်များတွင် EV ကားများအတွက် Charging Station တည်ဆောက်ခြင်းသည် အန္တရာယ်မရှိဟုဆို

0
319

စက်သုံးဆီအရောင်းဆိုင်များတွင် EV ကားများအတွက် Charging Station တည်ဆောက်ရန် ညွှန်ကြားထားပြီး ၎င်းသည် အန္တရာယ်မရှိကြောင်း Farmer Auto Showroom မှ Chief Executive Officer ဒေါက်တာစိုးထွန်းက ပြောသည်။

“ Public Station ကရန်ကုန်မှာ ၅ နေရာလုပ်ထားတယ်။ မန္တလေး၊နေပြည်တော်မှာရှိတယ်။ ရန်ကုန်-မန္တလေးအမြန်လမ်းမှာလည်းရှိတယ်။ ရန်ကုန်မြို့မှာရှိတဲ့ စက်သုံးဆီဆိုင် ၃၈ ဆိုင်ကို Charging Station တပ်ရမယ်ဆိုတဲ့ဟာထွက်ထားတာရှိတယ်။ Charging Station ကတော့ဘယ်လိုပဲဖြစ်ဖြစ် စက်သုံးဆီဆိုင်တွေ အခုကတော့ ဓာတ်ဆီ၊ဒီဇယ်ရောင်းနေတာပေါ့။ နောက်ပိုင်း EV ကားတွေများလာတဲ့အခါကျတော့ သူတို့အတွက် Charging Station ကလည်းနောက်ထပ်ဈေးကွက်တစ်ခုအနေနဲ့ ရှိလာမှာပေါ့။ အန္တရာယ်ကတော့မရှိပါဘူး။ နဂိုကတည်းကိုက Safety နဲ့ပတ်သက်ပြီးတော့လည်း သက်ဆိုင်ရာအရည်အသွေး သတ်မှတ်ချက်တွေကို လိုက်နာရတာဖြစ်တဲ့အတွက် ကြီးကြပ်တဲ့အဖွဲ့အစည်းတွေရှိတာပေါ့။ ဒီဟာနဲ့ပတ်သက်လို့ အန္တရာယ်နည်းပါတယ်” ဟု ၎င်းက ပြောသည်။

ကနဦးအနေဖြင့် ဇန်နဝါရီ ၂၄ ရက်နေ့တွင် တရုတ်ထုတ် လျှပ်စစ်ကား အစီးရေ ၄၀ စတင်ရောက်ရှိလာပြီး ကညနတွင်လိုင်စင်ဝင်ကာ ဖေဖော်ဝါရီ ၂၀ ရက်တွင်စတင်ပြေးဆွဲနေပြီဖြစ်ကြောင်း သိရသည်။

ယင်းအပြင် အများသုံး Level-3 အဆင့် လျှပ်စစ်ကား အားသွင်းရုံ (Charging Station) တွေ တည်ဆောက်ရန် ကော်မတီက ညွှန်ကြားထားပြီးဖြစ်ကြောင်းလည်း သိရသည်။ အစိုးရအနေဖြင့် ၂၀၅၀ ပြည့်နှစ်မတိုင်မီ မြန်မာတစ်ပြည်လုံးတွင် လျှပ်စစ်ကားများသာ အသုံးပြုမည်ဟု ရည်မှန်းထားသည်။ နောက်ပိုင်းတွင် လျှပ်စစ်ဆိုင်ကယ်၊လျှပ်စစ်သုံးဘီးဆိုင်ကယ်တွေကို ဆက်လက်တင်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here