ဒုဌဝတီမြစ် အတွင်း အသက် ၁၈ နှစ်အရွယ် လူငယ်တစ်ဦး ရေနစ်သေဆုံး

0
218

မန္တလေးတိုင်းရှိ ဒုဌဝတီမြစ်အတွင်း အသက် ၁၈ နှစ်အရွယ် လူငယ်တစ်ဦး ယနေ့နေ့လည်က ရေနစ်သေဆုံးသွားကြောင်း မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး) ရေငုပ်ကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။

ပုလိပ်မြို့အနီး ဒုဌဝတီမြစ်အတွင်း အသက် (၁၈) နှစ်ခန့်အရွယ်ရှိ လူငယ်တစ်ဦးသည် ယနေ့ ဖေဖော်ဝါရီ ၂၁ ရက် နေ့လည် ၁ နာရီခန့်တွင် ရေနစ်သွားခဲ့ကြောင်း သတင်းရခဲ့သည့်အတွက် ရေငုပ်ရှာဖွေကယ်ဆယ်ရေးအဖွဲ့မှ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရသည်။

ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ အခင်းဖြစ်ပွားရာနေရာသို့ နေ့လည် ၁ နာရီ ၁၅ မိနစ်တွင် အခင်းဖြစ်နေရာသို့ ရောက်ရှိခဲ့ပြီး ရေငုပ်သမား (၂) ဦးဖြင့် စတင် ရေငုပ်ရှာဖွေခဲ့ရာ နေ့လည် ၂ နာရီ ၂၇ မိနစ်တွင် အလောင်းအား ရေအောက်ကြမ်းပြင် မှ ဆယ်တင်ပေးခဲ့ခြင်းဖြင့် မိသားစုဝင်တစ်ဦး ရေအောက်၌ ပျောက်ဆုံးနေသော အပူမီးကို မပုပ်ပွခင် တစ်ဖက်တစ်လမ်းက ကူညီပေးနိုင်ခဲ့သည်ဟု မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး) ရေငုပ်ကယ်ဆယ်ရေးအဖွဲ့က ဆိုသည်။

ဓာတ်ပုံ – Myanmar Rescue Diver Team


LEAVE A REPLY

Please enter your comment!
Please enter your name here