လျှပ်စစ်ကားတင်သွင်းသူများအနေဖြင့် မြန်မာငွေကျပ် သိန်း ၅၀၀ ပေးသွင်းနိုင်ကြောင်း ဘဏ်အာမခံချက်ပြရမည်

0
188

ခွင့်ပြုထားသည့် လျှပ်စစ်ကားတင်သွင်းသူများအနေဖြင့် မြန်မာငွေကျပ် သိန်း ၅၀၀ ပေးသွင်းနိုင်သည်ဟု ဘဏ်အာမခံချက်ပြရမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။

မြန်မာနိုင်ငံသားဖြစ်စေ၊ မြန်မာနိုင်ငံသားနှင့် နိုင်ငံခြားသားဖက်စပ်ဆောင်ရွက်ခြင်းဖြစ်စေ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတွင် မှတ်ပုံတင်ထားသည့်ကုမ္ပဏီဖြစ်ရမည်ဖြစ်ပြီး၊ တင်သွင်းမည့်လျှပ်စစ်သုံးယာဉ်၏ အမှတ်တံဆိပ်တစ်ခုစီအတွက် ရောင်းချသည့်ကုမ္ပဏီနှင့် ချုပ်ဆိုထားသည့် အရောင်းအဝယ်သဘောတူစာချုပ်တင်ပြနိုင်ရမည်ဖြစ်ကြောင်းဖော်ပြထားသည်။

ယင်းအပြင် ကော်မတီခွင့်ပြုချက်ရရှိပြီးဖြစ်ရမည်ဖြစ်ပြီး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် သတ်မှတ်အစီးရေအတိုင်းသာ တင်သွင်းရမည်ဖြစ်ကာ အဆိုပါကားတွေအတွက် လိုအပ်သည့် အာမခံမှု ၊ အပိုပစ္စည်းများ နှင့် သုံးစွဲပြီးနောက်ပိုင်း ပြင်ဆင်မှုများကိုလည်း ဆောင်ရွက်ထားရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အမိန့်ကြော်ငြာစာသည် လျှပ်စစ်သုံးယာဉ်တင်သွင်းမည့်ကုမ္ပဏီသည် အရောင်းပြခန်းဖွင့်လှစ်ခွင့် လက်မှတ်ရရှိထားခြင်း မရှိသေးသောသူတွေအတွက် ထုတ်ပြန်ထားပြီး ဇန်နဝါရီလ ၁ ရက်မှ ဒီဇင်ဘာလ ၃၁ ရက်အထိ အကျုံးဝင်မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် Pilot Project ဟုဆိုကာ လျှပ်စစ်ကားတင်သွင်းသူတွေကို အရောင်းစင်တာဆားဗစ်လက်မှတ်မရှိသေးသူများကို ခွင့်ပြုထားပြီး လျှောက်ထားသည့် ကုမ္ပဏီ ၂၆ ခုအနက် ၉ ခုကိုတင်သွင်းခွင့်ပြုထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here