မိုင်းဆတ်မြို့နယ်ရှိ နွားမွေးမြူရေးခြံအတွင်းမှ ငွေကျပ်(၂ )ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွ ဆေးပြားများနှင့်လက်နက်/ခဲယမ်းများဖမ်းမိ

0
150

ရှမ်းပြည်နယ်မိုင်းဆတ်မြို့နယ်၊မိုင်းတွမ်းတောင်ပေါ်ကျေးရွာအုပ်စု၊ပုံတပ်ကျေးရွာရှိ နွားမွေးမြူ ရေးခြံအတွင်းမှ ဖေဖော်ဝါရီ ၂၀ ရက်ညပိုင်းက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

ယင်းနေ့ည ၆ နာရီခွဲက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုင်းဆတ်မြို့နယ်၊မိုင်းတွမ်းတောင်ပေါ်ကျေးရွာအုပ်စု၊ပုံတပ်ကျေးရွာရှိ ဦးအားချာ ပိုင် ဆိုင်သည့် နွားမွေးမြူရေးခြံအား သတင်းအရ ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ကြသည်။

နွားမွေးမြူရေးခြံအတွင်း၌ ခြံစောင့်လုပ်သားများဖြစ်သည့် မအားချာနှင့်မနာထီး တိုအား ၁၂ ဗို့ ပြောင်းချောသေနတ် ၁ လက်၊ စိတ်ကြွဆေးပြားအကြေ ၁၀၀ ဂရမ်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်ဟု ရဲတပ်ဖွဲ့မှသိရသည်။

စစ်ဆေးချက်အရ ည ၇ နာရီတွင် ပါဟိုးကျေးရွာရှိ နွားခြံပိုင်ရှင်ဦးအားချာ၏ နေအိမ်အားဆက်လက်ရှာဖွေရာ နေအိမ်အတွင်းမှ စိတ်ကြွဆေးပြား ၆၅ သိန်း၊ ပွိုင့် ၂၂ သေနတ် ၄ လက်၊ M-16 သေနတ် ၁ လက်၊ ၁၂ ဗို့ ပြောင်းချောသေနတ် ၁ လက်၊ ကျည်အိမ် ၁၆ ခု၊ ကျည်မျိုးစုံ ၂၇ တောင့်တို့အား ထပ်မံဖမ်းဆီးရမိခဲ့သည်ဟု ရဲတပ်ဖွဲ့မှသိရသည်။

ထို့ကြောင့် စိတ်ကြွဆေးပြားများ၊လက်နက်/ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိသူ ၂ ဦးအား ဥပ ဒေအရအရေးယူကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here