အိမ်ကွင်းမှာ ရီးရဲလ်မက်ဒရစ်ကို ၃ ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီး (၁၆) သင်းအဆင့်နဲ့ပဲ ကျေနပ်ရတော့မယ့် လီဗာပူလ်း

0
165

လီဗာပူးလ်အသင်းနဲ့ ရီးရဲလ်မက်ဒရစ်တို့ ချန်ပီယံ (၁၆) သင်းအဆင့်ပွဲစဉ် ပထမအကျော့အဖြစ် လီဗာပူးလ်အသင်းအိမ်ကွင်းဖြစ်တဲ့ အန်ဖီလ်းကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ရာ ၂ ဂိုး ၅ ဂိုး ရလဒ်နဲ့ ရီးရဲလ်မက်ဒရစ်အသင်းက အနိုင်ရသွားခဲ့ပါတယ်။

လီဗာပူးလ်ဟာ ပွဲအစမှာ ၂ ဂိုးပြတ် ဦးဆောင်နိုင်ခဲ့ပေမယ့် လက်ရှိချန်ပီယံလိဂ် ချန်ပီယံ ရီးရဲလ်မက်ဒရစ်အသင်းဟာ အကောင်းဆုံးပြန်လာနိုင်ခဲ့ပြီး ပွဲအပြီးမှာ ၂ ဂိုး ၅ ဂိုးရလဒ်နဲ့ အနိုင်ရခဲ့တာပါ။

ဒီရလဒ်ကြောင့် လီဗာပူးလ်အသင်းဟာ (၁၆) သင်းအဆင့်နဲ့ပဲ ကျေနပ်ရဖို့များသွားပြီလည်း ဖြစ်ပါတယ်။

လာမယ့် မတ်လ (၁၆) ရက်မှာတော့ ဒုတိယအကျော့အဖြစ် ရီးရဲလ်မက်ဒရစ်အိမ်ကွင်း ဘာနေဗျူးမှာ ယှဉ်ပြိုင်ရမှာဖြစ်ပြီး လီဗာပူးအသင်းဟာ ၂၀၁၄ ခုနှစ်ကစလို့ ဒီနေ့အချိန်အထိ ရီးရဲလ်မက်ဒရစ်အသင်းကို အနိုင်ကစားနိုင်ခြင်း မရှိသေးပါဘူး။


LEAVE A REPLY

Please enter your comment!
Please enter your name here