ခရမ်းမြို့တွင် အဆောက်အဦဆောက်လုပ်ရန်အုတ်မြစ်ချနေစဉ် မြေပြိုကျမှုဖြစ်ပွား

0
108

ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်တွင် ယနေ့နံနက်ပိုင်းက အဆောက်အဦဆောက်လုပ်ရန် အုတ်မြစ်ချနေစဉ် မြေပြိုကျမှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ယနေ့ (ဖေဖော်ဝါရီ ၂၂ ရက်) နံနက် ၉ နာရီ ၂၅ မိနစ်အချိန်ခန့်က ခရမ်းမြို့ (၁၂)ရပ်ကွက်ရှိ ဦးညီလှလမ်းတွင် အဆောက်အဦဆောက်လုပ်ရန်အုတ်မြစ်ချနေစဉ် မြေပြိုကျမှုဖြစ်ပွားခဲ့သည့်အတွက် ခရမ်းမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီးဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရသည်။

အဆိုပါဖြစ်စဉ်ကြောင့် ကျား(၂)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့သည့်အတွက် ခရမ်းကြက်ခြေနီအသင်းမှယာဉ်ဖြင့် ခရမ်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here