ပုသိမ်ကြီးမြို့နယ်ရှိ အထည်ဂိုဒေါင်မီးလောင်မှုအား ၅ နာရီခန့်ကြာငြှိမ်းသတ်ခဲ့ရ

0
149

မန္တလေးတိုင်း၊ပုသိမ်ကြီးမြို့နယ်ရှိ အထည်ဂိုဒေါင်တွင် ဖေဖော်ဝါရီ ၂၁ ရက်ညပိုင်းကဖြစ်ပွားခဲ့သည့် မီးလောင်မှုဖြစ်စဥ်အား Level 2 အဆင့်ဖြင့် ၅ နာရီခန့်ကြာငြှိမ်းသတ်ခဲ့ရသည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့်လူမှုကူညီရေးအသင်းများမှ သိရသည်။

ယမန့်နေ့ည ၇ နာရီ ၃၃ မိနစ်မှစတင်ကာ ပုသိမ် ကြီးမြို့နယ်၊နန္ဒာတောင်ရွာ၊ရွှေကျင်ကွပ်သစ်မြောက်ဘက်ရှိ အထည်ဂိုဒေါင်တွင် မီးလောင်ကျွမ်းမှုအား Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသည်။

“မီးအရမ်းများတယ် Level 1 နဲ့မနိုင်တော့လို့ ည ၇ နာရီ ၄၀ မိနစ်မှာ Level 2 အဆင့် မီးသတ်ယာဥ်အုပ်စုကိုထပ်ခေါ်ပြီးငြှိမ်းခဲ့ရတယ် မီးခိုးမွှန်တဲ့တပ်ဖွဲ့ဝင်တွေ လူမှုကူညီရေးအသင်းသားတွေလည်းရှိတယ်”ဟု ဝိုင်းဝန်းငြှိမ်းသတ်ပေးခဲ့သည့် လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

မီးသတ်တပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်း ဝင်များ၏ ဝိုင်းဝန်းငြှိမ်းသတ်မှုကြောင့် ည ၁၁ နာ ရီခွဲတွင် မီးထိန်းနိုင်ခဲ့ပြီး ည ၁၂ နာရီ ၃၂ မိနစ်၌ မီးငြိမ်းသွားခဲ့သည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာန ချုပ်မှ သိရသည်။

“မီးထိန်းနိုင်ဖို့ကိုပဲ အတော်ကြိုးစားခဲ့ရတယ် မီးထိန်းနိုင်သွားပြီးဆိုတာတောင် မီးလုံးဝငြိမ်းသွားဖို့ကို အင်အားအပြည့်နဲ့ထပ်ပြီး ကြိုးစားခဲ့ရတယ် ပျက်စီးဆုံးရှုံးမှုများတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းရင်းနှင့်ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား မီးသတ်တပ်ဖွဲ့တာဝန် ရှိသူများက စစ်ဆေးလျက်ရှိကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here