အစ်ကိုဖြစ်သူ သီဟတင်စိုးရဲ့ သမီးလေးကို တာဝန်ယူစောင့်ရှောက်ပေးမယ့် ညီမဖြစ်သူ ခင်စံပယ်ဦး

0
1272

ထပ်ဆင့် အကယ်ဒမီ သီဟတင်စိုး ကွယ်လွန်သွားပြီးနောက်သမီးဖြစ်သူ စံပယ်ဖူးငုံဦးကို တာဝန်ယူစောင့်ရှောက်ပေးသွားမယ်လို့ ညီမဖြစ်သူ ခင်စံပယ်ဦးက သူမအသုံးပြုတဲ့ လူမှုကွန်ယက်စာမျက်နှာကနေအသိပေးလာပါတယ်။

သီဟတင်စိုးရဲ့ဇနီး အကယ်ဒမီ သရုပ်ဆောင် ဇင်မာဦး က ၂၀၂၁ ခုနှစ်၊ မတ်လ (၁၁) ရက်နေ့က အဆုတ် ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့ပြီးနောက်သမီးဖြစ်သူကို ခေါ်ယူစောင့်ရှောက်ပေးထားတဲ့ အကြောင်းနဲ့ပတ်သက်ပြီး ခင်စံပယ်ဦး က “ကိုညာဆုံးတာ၄လမပြည့်​သေးဘူးကိုကြီး​ရေ
အကို​တွေထဲမှာသ​ဘော​အကောင်းဆုံး မဇင်မာမဆုံးခင်ကသမီးကိုက​လေး​တွေကိုအပ်သွားတယ်။အမေ့ ကိုလည်း​သမီးက​နေတဆင့်တောင်းပန်ကန်​တော့သွားတယ်။အမေကကိုကြီးတို့ကိုခွင့်လွတ်ပါတယ်တဲ့။သမီးလေး စပယ်ဖူးငုံဦး​ကိုမဇင်မာမရှိ​တော့ကတည်းကသမီးတို့အိမ်မှာ​ပဲ​နေတာအခု​တော့သူ့သမီး​လေးကိုစိတ်ချထားသွားခဲ့ပြီ။က​လေး၂​ယောက်ကိုသမီးတို့အတတ်နိုင်ဆုံး​စောင့်​ရှောက်ပါ့မယ်ကိုကြီး​ရေ၊​​အေးချမ်းတဲ့ဘုံဘဝကိုစိတ်​ဖြောင့်​ဖြောင့်နဲ့သွားပါ​နော်”လို့ ရင်ဖွင့်ရေးသားထားတာတွေ့ရပါတယ်။

ထပ်ဆင့် အကယ်ဒမီ ရုပ်ရှင်သရုပ်ဆောင် သီဟတင်စိုး (အသက် ၅၇နှစ်)က ဖေဖော်ဝါရီလ (၂၁) ရက်နေ့၊ နေ့လည် (၁၂) နာရီခန့်တွင် နှလုံးရောဂါနဲ့ သင်္ကန်းကျွန်း စံပြဆေးရုံမှာ ကွယ်လွန်ခဲ့ပါတယ်။

သီဟတင်စိုး ဟာ ‘ငရဲသား’ ဇာတ်ကား နဲ့ အကောင်းဆုံး ဒါရိုက်တာဆု ၊ အကောင်းဆုံး သရုပ်ဆောင်ဆုများကို ရရှိခဲ့သူဖြစ်ပြီး နှလုံးခွဲစိတ်ကုသထားရသူတစ်ဦးလည်းဖြစ်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here