EV ကားများလည်း City Taxi အဖြစ် မှတ်ပုံတင်ရမည်ဟု YRTC ပြော

0
287

တက္ကစီအဖြစ်ပြေးဆွဲမည့် EV ကားများသည် City Taxi အဖြစ် မှတ်ပုံတင်ရမည်ဖြစ်ကြောင်း YRTC မှသိရသည်။

လျှပ်စစ်ကားတင်သွင်းခွင့်ရသည့်ကုမ္ပဏီများမှ Public transportation အဖြစ် တက္ကစီများပြေးဆွဲပေးရမည်ဖြစ်ကြောင်း သိရသည်။

” EV ကားတွေလည်းမှတ်ပုံတင်ရမှာဖြစ်ပါတယ်။ ပြေးဆွဲမယ့် တက္ကစီတွေမှန်သမျှ မှတ်ပုံတင်ဖို့လိုအပ်တယ်။ လက်ရှိကတော့အချိန်မကန့်သတ်ထားဘူး။ နောက်ပိုင်းကျရင်တော့အရေးယူမှာပါ။ အခုလည်းတော်တော်များများ မှတ်ပုံလာတင်ကြတယ်”ဟု YRTC မှတွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မာန်ကပြောသည်။

လက်ရှိအချိန်ထိ City Taxi အဖြစ်လာရောက်မှတ်ပုံတင်သည့် ကားအစီးရေ ၃၀၀၀ ကျော် ရှိပြီဖြစ်ကာ နေ့စဥ်အစီးရေ ၃၀၀ ဝန်းကျင်လာရောက်မှတ်ပုံတင်ပြုလုပ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသည့် တက္ကစီယာဉ်တွေကို စည်းကမ်းနှင့်အညီ စနစ်တကျပြေးဆွဲနိုင်ရန်၊ မြိုတော်အင်္ဂါရပ်နှင့်ညီညွတ်သည့် City Taxi ယာဉ်များဖြစ်စေရန်နှင့် အုပ်ချုပ်မှုဆိုင်ရာ စနစ်တကျစီမံမှုပြုလုပ်နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပိုဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) စီမံမှုအောက်တွင် “ဂ”စင်းလုံးငှားဌာနတွေမှာ မှတ်ပုံတင်ခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးနေခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယခင်မှတ်ပုံတင်ထားသည့် City Taxi ယာဉ်အစီးရေ ၆၀၀၀၀ ကျော်ရှိနေကြောင်း ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ၏ စာရင်းများအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here