ဂျပန်ဘာသာ အရည်အချင်းစစ်စာမေးပွဲအတွက်သင်တန်းကျောင်း​တစ်ကျောင်းလျှင် အစောင်ရေ ၁၅၀ သာရောင်းချပေးမည်

0
204

ရန်ကုန်နှင့် မန္တလေးမြို့တွင်ရှိသည့် ဂျပန်စာ သင်တန်းကျောင်းများအတွက်သင်တန်းကျောင်းတစ်ကျောင်းလျှင် လျှောက်လွှာအစောင်ရေအများဆုံး ၁၅၀ နှုန်း​​ဖြင့်သာ ရောင်းချသွားမည်​ဖြစ်ကြောင်းမြန်မာနိုင်ငံ ဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA) က သတင်းထုတ်ပြန်ထားသည်။

JLPT ဂျပန်ဘာသာအရည်ချင်းစစ်စာမေးပွဲကို လာမည့် ဇူလိုင်လ ၂ ရက်တွင်ကျင်းပမည်ဖြစ်​ပြီး၊ အဆိုပါ စာမေးပွဲအတွက်သင်တန်းကျောင်း၊ ကုမ္ပဏီများအနေနှင့်လျှောက်လွှာဝယ်ယူနိုင်ရန် ကြိုတင်စာရင်းပေးသွင်းရမည်ဖြစ်ကာ လျှောက်လွှာရောင်းချမည့်ကာလနှင့် တင်သွင်းရမည့်ကာလကို လျှောက်လွှာစာရွက်များ မြန်မာနိုင်ငံသို့ ရောက်ရှိသည့်အချိန်တွင်ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။

လျှောက်လွှာဝယ်ယူမည့်ဂျပန်စာ သင်တန်းကျောင်းများအနေ​ဖြင့်မြန်မာနိုင်ငံ ဂျပန်ပြန်ပညာသင်ဟောင်းအသင်းဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာရှိ Google form မှတစ်ဆင့် ဖေဖော်ဝါရီ ၂၀ ရက်မှ ၂၇ ရက်အတွင်း ကြိုတင်စာရင်းပေးသွင်းရန် လိုအပ်ကာ booking System နှင့် ရောင်းပေးသွားမည်ဖြစ်သည်။

သင်တန်းကျောင်းလျှောက်လွှာမဟုတ်သည့် တစ်ဦးချင်းလျှောက်လွှာတွေကိုတော့ အွန်လိုင်းကတစ်ဆင့် အကန့်သတ်မရှိလက်ခံသွားမည်ဟု မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA) က အသိပေးထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here