ဂျပန်နှင့်တရုတ်တို့ ကာကွယ်ရေးဆွေးနွေးပွဲပြုလုပ်ရန်သဘောတူ

0
178

မနီလာ၊ဖေဖော်ဝါရီ ၂၁

ဂျပန်နှင့်တရုတ်တာဝန်ရှိသူများသည် လာမည့်အပတ်အတွင်း ၂၀၁၉ ခုနှစ်ဖေဖော်ဝါရီလနောက်ပိုင်း၏ ပထမဆုံးအကြိမ်အဖြစ် လုံခြုံရေးဆိုင်ရာဆွေးနွေးမှုပြုလုပ်မည်ဖြစ်ကြောင်း တိုကျိုထိပ်တန်းသံတမန်တစ်ဦးက မနီလာမြို့၌တနင်္ဂနွေနေ့ကပြောကြားခဲ့သည်။

ဂျပန်နိုင်ငံ၏ကာကွယ်ရေးဝန်ကြီး မစ္စတာယိုရှီမဆာဟာယရှိ နှင့် တရုတ်နိုင်ငံခြားရေးမူဝါဒရေးရာအကြီးအကဲ ပေါ်လစ်ဗျူရို အဖွဲ့ဝင် မစ္စတာဝမ်ယိတို့သည် မြူးနစ်လုံခြုံရေးညီလာခံပြင်ပ၌ တစ်နာရီကြာတွေ့ဆုံဆွေးနွေးခဲ့ကြပြီး ရုရှား – ယူကရိန်းအရေးအား အဓိကထားဆွေးနွေးခဲ့ကြောင်းသိရသည်။

မစ္စတာဟာယရှိက အင်အားကြီးနိုင်ငံဖြစ်သည့်တရုတ်အနေဖြင့် ယူကရိန်းအရေးအား ထိထိရောက်ရောက်တုံ့ပြန်ပေးရန် တိုက်တွန်းခဲ့သည့်ဟုလည်းသိရသည်။ယင်းနောက်၎င်းတို့နှစ်ဦးသည် လုံခြုံရေးနှင့်သံတမန်ရေးအတွက် နောက်တစ်ပတ်၌ဆွေးနွေ့ပွဲကျင်းပရန်သဘောတူညီခဲ့ကြသော်လည်း မည်သည့်နေရာ၌ကျင်းပမည်ကိုမူမပြောကြားခဲ့ပေ။

တရုတ်နှင့်အမေရိကန်အကြားဆက်ဆံရေးသည် အရှေ့တရုတ်ပင်လယ်အတွင်းရှိ ဆန်းခကုကျွန်းငယ်များကိစ္စနှင့်ပတ်သက်၍ ပိုမိုတင်းမာလာကာ အဆိုပါကျွန်းတစ်ဝိုက်လှုပ်ရှားနေသည့် တရုတ်၏စစ်ရေးလှုပ်ရှားမှုများနှင့် ဂျပန်အနီးတစ်ဝိုက်တရုတ်၏ စစ်ရေးလှုပ်ရှားမှုများအပေါ်လည်း စိုးရိမ်မိသည်ဟုမစ္စတာဟာယရှိကပြောကြားခဲ့သည်။

Source : Manila Times


LEAVE A REPLY

Please enter your comment!
Please enter your name here