တရုတ်ပြည်နယ်များသည် ကလေးမွေးဖွားနှုန်း မြင့်တက်ရန်အတွက် ကြင်စဦးဇနီးမောင်နှံများအား လစာပြည့်ခွင့်ကို ရက် ၃၀ ရက်အထိ ပေးလာ

0
223

ဟောင်ကောင်၊ ဖေဖော်ဝါရီ ၂၂

တရုတ်ပြည်နယ်အချို့တွင် အိမ်ထောင်ပြုခြင်းကို အားပေးအားမြှောက်ပြုရန်နှင့် ကလေးမွေးဖွားနှုန်း မြှင့်တင့်ရန်အတွက် ကြင်စဦးဇနီးမောင်နှံများအား လစာပြည့်ခွင့်ကို ၃၀ ရက်အထိ ပေးနေပြီဖြစ်ကြောင်း တရုတ်အစိုးရပိုင် ပြည်သူနေ့စဉ် ကျန်းမာရေးသတင်းစာက ဖေဖော်ဝါရီလ ၂၁ ရက် အင်္ဂါနေ့တွင် ဖော်ပြခဲ့သည်။

မင်္လာဆောင်မည့် ဇနီးမောင်နှံများအတွက် တရုတ်နိုင်ငံ၏ အနည်းဆုံး လစာပြည့်ခွင့်ရက်မှာ သုံးရက်ဖြစ်သော်လည်း ပြည်နယ်အချို့သည် ဖေဖော်ဝါရီလမှစတင်၍ ခွင့်ရက်များကို ရက်ရက်ရောရော တိုးပေးလာခဲ့သည်။

အနောက်မြောက်ပိုင်း ဂန်ဆူပြည်နယ်နှင့် ကျောက်မီးသွေးထွက်ရာ ရှန်ရှီပြည်နယ်တို့သည် ယခုအခါ ၃၀ ရက်အထိ ခွင့်ရက်ပေးလာပြီး ရှန်ဟိုင်းတွင် ၁၀ ရက်နှင့် စီချွမ်တွင်မူ ၃ ရက်သာ ပေးသေးကြောင်း ပြည်သူ့နေ့စဉ် ကျန်းမာရေးသတင်းစာက ဖော်ပြထားသည်။

မင်္ဂလာဆောင်မည့်သူများအတွက် ယခုကဲ့သို့ ခွင့်ရက်ရှည် တိုးပေးလာခြင်းသည် ကလေးမွေးဖွားနှုန်း တိုးမြင့်စေသည့် ထိရောက်သော နည်းလမ်းတစ်ခုဖြစ်သည်ဟု ဘဏ္ဍာရေးနှင့်စီးပွားရေးဆိုင်ရာ အနောက်တောင်တက္ကသိုလ်မှ လူမှုဖွံ့ဖြိုးတိုးတက်ရေး သုတေသန ဌာနမှူး ယန် ဟိုင်ယန်က ပြောလာသည်။

တရုတ်နိုင်ငံ၏ လူဦးရေသည် ၂၀၂၂ ခုနှစ်တွင် ဆယ်စုနှစ် ခြောက်ခုအတွင်း ပထမဆုံးအကြိမ်အဖြစ် ကျဆင်းသွားခဲ့ပြီး လူတစ်ထောင်လျှင် ၇ ဦးခန့်သာ ကလေးမွေးဖွားခြင်းဖြင့် မွေးဖွားနှုန်း အနိမ့်ဆုံး စံချိန်တင်ခဲ့သည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here