ဖေဖော်ဝါရီ (၂၄) ရက်မှ စတင်ကာ Online Booking စနစ်သစ်ဖြင့် နိုင်ငံကူးလက်မှတ်များ ပြန်လည်လျှောက်ထားနိုင်ကြောင်း သတင်းထွက်ပေါ်

0
1013

နိုင်ငံကူးလက်မှတ်ပြုလုပ်သည့် ရုံးများအား ၂၀၂၂ ခုနှ စ်၊ ဒီဇင်ဘာလမှ စတင်ကာ ယာယီရပ်နားထားခဲ့ရာမှ လာမည့် ဖေဖော်ဝါရီ (၂၄) ရက်တွင် ပြန်လည်၍ လျှောက်ထားနိုင်ပြီဖြစ်ကြောင်း သတင်းများထွက်ပေါ်လျက် ရှိသည်။

မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးဌာနမှ ထုတ်ပြန်ဟန်တူသည့် သတင်းထုတ်ပြန်ချက်တစ်‌စောင် လူမှုကွန်ရက်တွင် ပြန့်နှံ့နေပြီး အဆိုပါ ထုတ်ပြန်ချက်တွင် လာမည့် (၂၄) ရက်၌ နိုင်ငံကူးလက်မှတ်များကို www.passport.gov.mm Website မှ တဆင့် Online Booking စနစ်သစ်ဖြင့် ပြန်လည်လျှောက်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။

ပြန်လည်ပြင်ဆင်ထားသည့် Online Booking စနစ်အား ဖြင့် နိုင်ငံကူးလက်မှတ် လျှောက်ထားခြင်းကို မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး(ရန်ကုန်)၌သာ ကျင့်သုံးသွားမည်ဖြစ်ပြီး ပြည်နယ်/တိုင်းများရှိ ရုံးခွဲများ၌ ယခင်လျှောက်ထားမှု လုပ်ငန်းစဉ်များအတိုင်းသာ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

Online Booking ရယူရာတွင် အချိန်အကန့်အသတ်မရှိဘဲ အလွယ်တကူလျှောက်ထားနိုင်ကာ ကုန်ကျစရိတ်အား သတ်မှတ်နှုန်းထားအတိုင်း တစ်ပါတည်းပေးချေရမည်ဖြစ်ကာ လျှောက်ထားရန် အခက်အခဲရှိသူများအနေဖြင့် သက်ဆိုင်ရာ မြို့မရဲစခန်းများတွင် အကူအညီတောင်းခံနိုင်ကြောင်း သိရသည်။

နိုင်ငံကူး လက်မှတ်လျှောက်ထားမှုကို မည်သူမဆို လွယ်ကူစွာလျှောက်ထားနိုင်ရန် စီစဉ်ထား၍ ကြားခံပွဲစားများဖြင့် အခကြေးငွေပေးဆောင် လျှောက်ထားခြင်းများမပြုရန်လည်း အသိပေးနှိုးဆော်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here