ရွှေဆိုင်များ အခေါက်ရွှေ တစ်ကျပ်သား ၂၇၉၀၀၀၀ ကျပ်ဖြင့် တ‌ပြေးညီရောင်းချရန် ရန်ကုန်ရွှေအသင်း တိုက်တွန်း

0
309

ပြည်တွင်းရွှေဈေးကွက်အတွင်း အရောင်းအဝယ်အေးနေချိန်တွင် အရောင်းအဝယ်ပြုလုပ်သူများအနေဖြင့် အခေါက်ရွှေတစ်ကျပ်သား ၂၇၉၀၀၀၀ ကျပ်နှုန်းဖြင့် တပြေးညီရောင်းဝယ်ကြရန် ရန်ကုန်တိုင်းရွှေအသင်းက ဈေးဖွင့် တိုက်တွန်းလာသည်။

ယခုရက်ပိုင်းအတွင်း ဈေးကွက်တွင် (၂၈) သိန်းအထက် ဈေးဖွင့်ရောင်းချနေသော်လည်း ဈေးကွက်မှာအေးနေသည့်အနေအထားမျိုး ဖြစ်နေချိန်တွင် ရန်ကုန်ရွှေအသင်းက ယခုလိုထုတ်ပြန်လာခြင်း ဖြစ်သည်။

၂၇၉၀၀၀၀ ကျပ်သည်တကယ်ဖြစ်သင့်ဖြစ်ထိုက်တဲ့‌ ဈေးဖြစ်ကြောင်း၊ ကမ္ဘာပေါက်ဈေးနှင့် လက်ရှိရွှေစီးဆင်းမှု၊ ငွေရေးကြေးရေးတွက်ချက်မှုနှုန်းထားများအရ ၂၇၉၀၀၀၀ ကျပ်က ဖြစ်သင့်တဲ့ အတွက်ကြောင့် ရွှေကုန်သည်များအနေဖြင့် ဈေးကစားဆွဲတင်ခြင်းများ မလုပ်ကြဘဲ ၂၇၉၀၀၀၀ ကျပ်နဲ့သာ  အရောင်းအ၀ယ်ပြုလုပ်ကြပါရန် ညှိုနှိုင်းတိုင်ပင်ကြသည်။

ယခုရက်ပိုင်းအတွင်း ကမ္ဘာ့ရွှေဈေးမှာ အတက်အကျရှိနေသော်လည်း ပြည်တွင်းရွှေဈေးကွက်အတွင်း၌ ပုံမှန်သာ အရောင်းအဝယ်ဖြစ်နေပြီး ဈေးကွက်အေးနေကြောင်း ရန်ကုန် ရွှေဈေးကွက်အတွင်းမှ သိရသည်။

ကမ္ဘာ့ရွှေဈေးမှာ အနည်းငယ်ကျဆင်းလာပြီး အမေရိကန်ငွေလဲနှုန်းမြင့်တက်နေသေးသည့်အတွက်  ပြင်ပရွှေဈေးကွက်ထဲတွင် အကယ်ဒမီမီးလင်းရွှေတစ်ကျပ်သားကို ၂၈ သိန်းအထက်တွင် ရှိနေခြင်းလည်း ဖြစ်သည်။

ယနေ့ ဖေဖော်ဝါရီလ (၂၂)ရက် ကမ္ဘာ့ရွှေဈေးနှုန်းမှာ တစ်အောင်စလျင် အမေရိကန်ဒေါ်လာ ၁၈၃၆ ဒေါ်လာဖြစ်ပြီး ရန်ကုန်ရွှေအသင်း၏ ရည်ညွှန်းဈေးနှုန်းမှာ ၂၁၆၃၀၀၀ ကျပ်ဖြစ်ကြောင်း သိရသည်။

ယနေ့ ဖေဖေါ်ဝါရီ (၂၂) ရက် ဈေးကွက်အတွင်း ဖြစ်ပေါ်နေသည့် နိုင်ငံခြားငွေ ငွေလဲနှုန်းမှာလည်း တစ်ဒေါ်လာကို ၂၈၅၀ ကျပ်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here