ယနေ့ယှဉ်ပြိုင်သည့် MNL ပွဲစဉ်များတွင် ဂိုးမရှိသရေ ရလဒ်များသာ ထွက်ပေါ်

0
207

ယနေ့ယှဉ်ပြိုင်ကစားခဲ့သည့် ၂၀၂၃ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်များတွင် ဂိုးမရှိသရေ ရလဒ်များသာ ထွက်ပေါ်ခဲ့ကြောင်း သိရသည်။

YUSC ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သည့် ရတနာပုံအက်ဖ်စီအသင်းနှင့် ကချင်ယူနိုက်တက်အသင်းတို့၏ ပွဲစဥ်တွင် ကစားသမားစုဖွဲ့မှုပုံစံပြောင်းထားသည့် ရတနာပုံအက်ဖ်စီအသင်းသည် ပုံစံကောင်းပြသရန် ရုန်းကန်ခဲ့ရပြီး အနိုင်ရရှိစေနိုင်မည့် ပင်နယ်တီကိုလည်း ကချင်ယူနိုက်တက်အသင်း ဂိုးသမား ကာကွယ်နိုင်ခဲ့သည့်အတွက် ဂိုးမရှိသရေ ရလ‌ဒ်ဖြင့်သာ ပွဲပြီးဆုံးသွားခဲ့သည်။

“ပင်နယ်တီလွဲချော်တဲ့အတွက်တော့ ဘာမှမပြောလိုပါဘူး။ လေ့ကျင့်ရေးကွင်းမှာတော့ ပင်နယ်တီကန်သွင်းတာ သူ(Thyne Phwet Aung)ကအကောင်းဆုံးပလေယာပါပဲ။ နိုင်ပွဲတစ်ပွဲရဖို့ဆိုရင် အတွေ့အကြုံပိုင်းအများကြီး လိုအပ်ပါတယ်။ ဒီနေ့ကတော့ အဆုံးသတ်ပိုင်းတော်တော်လေးအားနည်းခဲ့တယ်” ဟု ရတနာပုံအသင်းနည်းပြချုပ် ဦးအောင်ကျော်မိုးကပြောသည်။

“ဒီနေ့ပွဲသရေရလဒ် ရခဲ့တဲ့အတွက် ကျေနပ်ပါတယ်။ ဒီရလဒ်အတွက် နည်းပြ/အုပ်ချုပ်မှုအဖွဲ့တွေ၊ ကစားသမားတွေကို ကျေးဇူးတင်တယ်။ ပင်နယ်တီကာကွယ်နိုင်ခဲ့တဲ့ Mung Htoi Aung က ကစားသမားကောင်းတစ်ယောက်ဆိုတာ သေချာပါတယ်။ အရင်ကလည်း အခုလိုစွမ်းဆောင်မှုတွေ လုပ်ပြနေကျ ကစားသမားဖြစ်ပါတယ်” ကချင်ယူနိုက်တက်အသင်းနည်းပြချုပ် ဦးကျော်သူအောင်မြင့်ထွန်းကဆိုသည်။

သု၀ဏ္ဏအားကစားကွင်းတွင် ယှဉ်ပြိုင်ခဲ့သည့် မဟာယူနိုက်တက်အသင်းနှင့် ရခိုင်ယူနိုက်တက်အသင်းတို့၏ ပွဲစဉ်တွင် တစ်ဖက်နှင့်တစ်ဖက် အချင်းများမှုများရှိခဲ့ပြီး ပြိုင်ဆိုင်မှုပြင်းထန်ခဲ့သော်လည်း ဂိုးမရှိ သရေရလဒ်ဖြင့်သာ ပွဲပြီးဆုံးသွားခဲ့သည်။

Photo – MNL


LEAVE A REPLY

Please enter your comment!
Please enter your name here