ရွှေဘို၊ဝက်လက်နှင့်အရာတော်မြို့နယ်တို့အား စစ်အုပ်ချုပ်ရေးကြေညာ

0
174

အနောက်မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေဖြစ်သည့် ရွှေဘို၊ဝက်လက်နှင့်အရာတော်မြို့နယ်တို့အား နစက မှစစ်အုပ်ချုပ်ရေးနယ်မြေများအဖြစ် ဖေ ဖော်ဝါရီ ၂၂ ရက်(ယနေ့)တွင် ထုတ်ပြန်ခဲ့သည်။

နစက မှ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ စစ်အုပ်ချုပ်ရေး(Martial Law)အမိန့်အမှတ် ၈/ ၂၀၂၃ ဖြင့် လုံခြုံရေး၊တရားဥပဒေစိုးမိုးရေးနှင့်နယ်မြေအေးချမ်းသာယာရေးကို ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ် သည်။

ထို့ကြောင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးအား အုပ်ချုပ်ရေးနှင့်တရားစီရင်ရေးဆိုင် ရာစစ်အုပ်ချုပ်ရေး(Martial Law)အာဏာကိုကျင့်သုံးရန် အပ်နှင်းခဲ့သဖြင့် တိုင်းမှူးသည် အ ချိန်နှင့်တစ်ပြေးညီပြောင်းလဲဖြစ်ပေါ်နေသည့် အ ခြေအနေအရပ်ရပ်အပေါ်မူတည်၍ မိမိကိုယ်တိုင် (သို့)စစ်နယ်မြေမှူးများကို တာဝန်လွှဲအပ်၍ စစ်အုပ်ချုပ်ရေး( Martial Law)အာဏာကို ကျင့်သုံးနိုင်သည်ဟု ထုတ်ပြန်ခဲ့သည်။

နစက မှ ဖေဖော်ဝါရီ ၂ ရက်ကလည်း တိုင်းနှင့်ပြည်နယ် ၈ ခုရှိ မြို့နယ် ၃၇ မြို့နယ်အား စစ်အုပ်ချုပ်ရေးနယ်မြေများအဖြစ် သတ်မှတ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here