အမေရိကနှင့်စစ်ရေးပူးပေါင်းမှုတိုးမြှင့်မည်ဟုထိုင်ဝမ်ပြောကြား

0
118

တိုင်ပေ၊ဖေဖော်ဝါရီ ၂၂

ထိုင်ဝမ်သည် အမေရိကန်လွှတ်တော်အမတ်များနှင့်တွေ့ဆုံပြီးနောက် အာဏာရှင်စနစ်ချဲ့ထွင်မှုကို တားဆီးရန် အမေရိကနှင့်စစ်ဘက်ဆိုင်ရာဖလှယ်မှုများမြှင့်တင်မည်ဟု သမ္မတဆိုင်အင်ဝမ်က အင်္ဂါနေ့တွင်ပြောကြားခဲ့သည်။

ငါးရက်တိုင် ကြာမြင့်ခဲ့သည့် အမေရိကန်လွှတ်တော်အမတ်များ၏ခရီးစဉ်သည် အမေရိကန်ထိပ်တန်းကာကွယ်ရေးအရာရှိတစ်ဦး၏ ထိုင်ဝမ်ခရီးစဉ်အပြီး၌ပေါ်ထွက်လာခြင်းဖြစ်သည်။ယခုအချိန်သည် ဝါရှင်တန်နှင့်ပေကျင်းအကြား ထောက်လှမ်းရေးမီးပုံးကိစ္စဖြင့် တင်းမာမှုမြင့်တက်နေချိန်လည်းဖြစ်သည်။

ထိုင်ဝမ်နှင့်အမေရိကတို့သည် စစ်ဘက်ဆိုင်ရာ ဖလှယ်မှုများ ဆက်လက်အားကောင်းလာစေရန် တွန်းအားပေးလျက်ရှိသည်ဟုလည်း တိုင်ပေမြို့၌ အမေရိကန်ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံအပြီးတွင်ဆိုင်ကပြောကြားခဲ့သည်။

သို့သော်သမ္မတဆိုင်က အဆိုပါစစ်‌ေရးပူး‌ပေါင်းမှုတိုးမြှင့်ခြင်းအစီအစဥ်၏ အသေးစိတ်အကြောင်းအရာအချက်အလက်များအား ထည့်သွင်းပြောကြားခြင်းမပြုခဲ့ပေ။

Source: AFP


LEAVE A REPLY

Please enter your comment!
Please enter your name here