တိုက်ကြီးမြို့နယ်တွင် နေအိမ်မီးလောင်မှုဖြစ်ပွားကာ မြင်းတစ်ကောင်သေဆုံးခဲ့

0
138

ရန်ကုန်တိုင်း၊တိုက်ကြီးမြို့နယ်၊လက်ပံတန်းကျေးရွာအုပ်စုတွင် ဖေဖော်ဝါရီ ၂၂ ရက်ညပိုင်းက နေအိမ်မီးလောင်မှုဖြစ်ပွားခဲ့သည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့်လူမှုကူညီရေးအသင်းများမှ သိရသည်။

ယမန်နေ့ည ၁ နာရီ ၃ မိနစ်ခန့်က တိုက်ကြီးမြို့နယ်၊လက်ပံတန်းကျေးရွာအုပ်စုရှိ နေအိမ်တစ်လုံးတွင်မီးလောင်မှုဖြစ်ပွား၍ တိုက်ကြီးမြို့နယ်မီးသတ်စခန်း၊ဥက္ကံနယ်မြေမီးသတ်စခန်းတို့မှ မီးသတ်တပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသည်။

ထို့ကြောင့် ည ၁ နာရီ ၂၅ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး ည ၁ နာရီ ၃၄ မိနစ်၌ မီးငြိမ်းသွားခဲ့သည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

မီးလောင်မှုကြောင့် လူများထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ဘဲ အုတ်ညှပ်၊သွပ်မိုးပျဉ်ကာ ၂ ထပ်နေအိမ်နှင့်သွပ်မိုး၊ထရံကာ မြင်းတင်းကုပ် ၁ လုံးတို့ မီးလောင်ပျက်စီးခဲ့ပြီး မြင်းတစ်ကောင်သေဆုံးခဲ့သည်ဟု လူမှုကူညီရေးအသင်းများမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here