စာမေးပွဲဖြေဆိုနေစဥ် လက်နက်ကိုင်အဖွဲ့ဝင်များက သေနတ်များဖြင့်လာရောက်ပစ်ခတ်

0
263

မကွေးတိုင်း၊ရေစကြိုမြို့နယ်၊ပခန်းငယ်ကျေးရွာရှိ အ.ထ.က(ပခန်းငယ်)၌ ဖေဖော်ဝါရီ ၂၂ ရက်နံနက်ပိုင်းက ကျောင်းသား၊ကျောင်းသူများစာမေးပွဲဖြေဆိုနေစဥ် လက်နက်ကိုင်အဖွဲ့ဝင်များက သေနတ်များဖြင့်ပစ်ခတ်ခဲ့ကြသည်ဟု နစက ၏သတင်းထုတ်ပြန်ရေးအဖွဲ့မှ သိရသည်။

စာမေးပွဲဖြေဆိုနေသည့် ကျောင်းသား၊ကျောင်းသူများအား လုံခြုံရေးအဖွဲ့ဝင်များကလုံခြုံရေးယူပေး​နေကြစဥ် လက်နက်ကိုင်အဖွဲ့ဝင်များက နံနက် ၁၀ နာရီခွဲခန့်တွင် သေနတ်များဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့၍ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားကာ လက်နက်ကိုင်အဖွဲ့ဝင်များသည် ကျေးရွာမြောက်ဘက်သို့ထွက်ပြေးသွားခဲ့ကြသည်ဟု နစက ၏သတင်းထုတ်ပြန်ရေးအဖွဲ့ကဆိုသည်။

“စာမေးပွဲဖြေနေတဲ့အချိန်မှာ ကျောင်းသား၊ကျောင်းသူတွေရဲ့စိတ်က အေးချမ်းနေဖို့လိုတယ် ကြောက်လန့်နေရတဲ့စိတ်နဲ့ဖြေရရင် သူတို့အတွက်အဆင်မပြေဘူးလေ သေနတ်သံတွေကြားရတော့ ကလေးတွေလန့်နေကြမှာ စာမေးပွဲဆက်မဖြေနိုင်ကြမှာကိုအရမ်းစိတ်ပူတယ်”ဟု ရေစကြိုမြို့နယ်အခြေစိုက် လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

​ရေစကြိုတွင်အ​​ခြေအ​နေကစိတ်မချရသဖြင့် အချို့ကတိမ်း​ရှောင်​နေကြရသလို ​​မွေးရပ်​မြေ​ရေစကြိုသို့ ကိုဗစ်ကတည်းက အလည်မပြန်ဖြစ်​သေး​ကြောင်း ​ရန်ကုန်အ​ခြေချ​ရေစကြိုသားများကဆိုသည်။

အထက်ပါဖြစ်စဉ်ဖြစ်ပွားခဲ့သည့်နေ့တွင်ပင် နစကသည်လုံခြုံရေး၊တရားဥပဒေစိုးမိုးရေးနှင့်နယ်မြေအေးချမ်းသာယာရေးကို ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန်အတွက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေဖြစ်သည့် ရွှေဘို၊ဝက်လက်နှင့်အရာတော်မြို့နယ်တို့အား စစ်အုပ်ချုပ်ရေးနယ်မြေများအဖြစ် ထုတ်ပြန်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here