ဂျပန်နိုင်ငံရှိ ကမ်းခြေတစ်ခုတွင် လျှို့ဝှက်ဆန်းကြယ်ပြီး ကြီးမားသော သတ္တုဘောလုံးတစ်လုံး ရှာဖွေတွေ့ရှိသဖြင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေ

0
267

ဂျပန်နိုင်ငံ၊ Hamamatsu မြို့ရှိ ကမ်းခြေတစ်ခုတွင် အချင်း ၅ ပေနီးပါးရှိသော ထူးဆန်းသည့် သတ္တုဘောလုံးတစ်လုံးကို ယခုသီတင်းပတ်အတွင်း တွေ့ရှိခဲ့သည်။ အဆိုပါ ဧရာမဘောလုံးသည် ဗုံးမဟုတ်ကြောင်း သေချာစေရန် တာဝန်ရှိသူများက မွှေနှောက်ရှာဖွေခဲ့ကြောင်း ရဲတပ်ဖွဲ့ကစစ်ဆေးနေသည့် ဗီဒီယိုကို ဂျပန်ရုပ်သံ NHK မှ ထုတ်ပြန်ခဲ့သည်။

ဘောလုံးသည် ဗုံးမဟုတ်ကြောင်း တာဝန်ရှိသူများက ပြောကြားသော်လည်း ၎င်း၏ မူလအစကို မသိရသေးပေ။ အခေါင်းပွဖစ်ပြီး သဲရောင်ရှိသော ထူးဆန်းသည့် သတ္တုဘောလုံးသည် ဒေသခံများနှင့် ဆိုရှယ်မီဒီယာအသုံးပြုသူများကို အံ့သြသွားစေခဲ့သည်။

အဆိုပါ သတ္တုဘောလုံးကို ဒေသခံတစ်ဦးမှ ပထမဆုံးတွေ့ရှိခဲ့ကြောင်း NHK ကဆိုသည်။ ရဲတပ်ဖွဲ့ဝင်များသည် အဆိုပါ အရာဝတ္တုအား ဓာတ်မှန်ရိုက်ပြီး စစ်ဆေးစဉ် ကမ်းခြေကို ခေတ္တပိတ်ထားခဲ့သည်။ ယင်း သတ္တုဘောလုံးအား မကြာမီတွင်ပင် ကမ်းခြေမှ ဖယ်ရှားတော့မည်ဖြစ်ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များကဆိုသည်။

ဒေသခံတစ်ဦးမှ NHK သို့ ပြောကြားရာတွင် “ကျွန်တော် နေရာရွေ့အောင် ကြိုးစားပေမယ့် အဲဒီဘောလုံးက လှုပ်တောင် မလှုပ်ပါဘူး။”ဟု ဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here