ပြင်သစ်၌ကျောင်းသားကဆရာမအားဓားဖြင့်ထိုးသတ်

0
194

စန့်ရွန်းဒလူး၊ဖေဖော်ဝါရီ ၂၃

ပြင်သစ်နိုင်ငံအနောက်တောင်ပိုင်းရှိ ကျောင်းတစ်ကျောင်းမှ ဆရာမတစ်ဦးသည် ဆယ်ကျော်သက်အရွယ်ကျောင်းသားတစ်ဦး၏ ဓားဖြင့်ထိုးမှုကြောင့်သေဆုံးသွားခဲ့ကြောင်း ဒေသဆိုင်ရာအစိုးရရှေ့နေကပြောကြားခဲ့သည်။

အဆိုပါကျောင်းသား၏ ဓားဖြင့်ထိုးနှက်မှုခံရသောဆရာမသည် အသက် ၅၀ အရွယ်သာရှိပြီး ဖြစ်ဖြစ်ချင်းဆေးရုံပို့ပေးနိုင်ရန်ကြိုးပမ်းခဲ့သော်လည်း အသက်မမှီပဲသေဆုံးသွားခဲ့ခြင်းဖြစ်သည်။၎င်းအားဓားဖြင့်ထိုးခဲ့သည့်ကျောင်းသားကိုလည်း ချက်ချင်းဖမ်းမိခဲ့သည်ဟုသိရသည်။

အဆိုပါကျောင်းသားသည် အသက် ၁၆ နှစ်သာရှိသေးကာ စာသင်ခန်းအတွင်း၌ဆရာမစာသင်နေစဉ် အခန်းထဲသို့တဟုန်ထိုးပြေးဝင်လာကာ ဆရာမအားဓားဖြင့်ထိုးခဲ့ခြင်းဖြစ်သည်။၎င်း၏ထွက်ဆိုချက်၌ အခြားဆရာတစ်ဦးက အဆိုပါဆရာမအားတိုက်ခိုက်ရန်ညွှန်ကြားခဲ့ခြင်းဖြစ်သည်ဟုပြောကြားခဲ့သည်။

ပညာရေးဝန်ကြီးကလည်း ဆရာမသေဆုံးခဲ့ရသည့်အတွက် စိတ်မကောင်းဖြစ်မိကြောင်းပြောကြားခဲ့ပြီး သေဆုံးသူဆရာမ၏ မိသားစု၊လုပ်ဖော်ကိုင်ဖက်နှင့်တပည့်များနှင့်ထပ်တူစိတ်မကောင်းဖြစ်ကြောင်းဆိုကာ အခင်းဖြစ်နေရာသို့သွားကာ အားပေးစကားပြောကြားမည်ဖြစ်ကြောင်းလည်းဆိုခဲ့သည်။

Source : CNA


LEAVE A REPLY

Please enter your comment!
Please enter your name here