နိုင်ငံကူးလက်မှတ် ရက်ချိန်းကိုအွန်လိုင်းမှ လျှောက်ထားခ ၃၅၀၀၀ ကျပ်၊ယခင်ရက်ချိန်းပယ်ဖျက်၊ပွဲစားနှင့်မလုပ်ရ

0
781

နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်းအတွက် Online Appointment System ဖြင့် ရက်ချိန်းရယူရာတွင် လျှောက်ထားခ ၃၅၀၀၀ ကျပ်ကို အွန်လိုင်းပေးချေမှုစနစ်ဖြင့် တစ်ပါတည်းပေးသွင်းရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့မှ အသိပေးထုတ်ပြန်ထားသည်။

ယင်းအပြင် ယခင် Online Booking စနစ်ဖြင့် ရယူထားသောရက်ချိန်းများကိုလည်း ပယ်ဖျက်လိုက်သည့်အတွက် Online Appointment System အသစ်ဖြင့် ရက်ချိန်းအသစ်ပြန်လည်ရယူရမည်ဖြစ်ကြောင်း ထုတပြန်ချက်တွင် ဖော်ပြထားသည်။

ဖေဖော်ဝါရီလ ၂၄ ရက်မှစတင်ပြီး ရန်ကုန်ပတ်စ်ပို့ရုံးတွင် နိုင်ငံကူးလက်မှတ် ပြုလုပ်သူများကို အွန်လိုင်းဘွတ်ကင်တင်နိုင်ပြီဖြစ်ကြောင်းနှင့် ကျန်သည့် ပြည်နယ်နှင့် တိုင်းများမပါဝင်သေးကြောင်း အသိပေးထုတ်ပြန်ထားသည်။

အဆိုပါ အွန်လိုင်းဘွတ်ကင်စနစ်လျှောက်ထားရာတွင် အခက်အခဲရှိသူများအားလည်း သက်ဆိုင်ရာ မြို့နယ်ရဲစခန်းများတွင် အကူအညီတောင်းခံပြီး လျှောက်ထားနိုင်ပြီး မည်သူမဆို လွယ်ကူစွာ လျှောက်ထားနိုင်အောင် စီစဉ်ထားကာ ပွဲစားများနှင့် ချိတ်ဆက်လုပ်ကိုင်ခြင်းမပြုလုပ်ရန်လည်း အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here