နိုင်ငံရေးပါတီ တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ပြန်လည်လျှောက်ထားလာသည့်ပါတီ စုစုပေါင်း ၈ ပါတီရှိလာ

0
317

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ဒီမိုကရက်တစ်အင်အားစုလေဘာပါတီ၊ ဒီမိုကရေစီပါတီသစ်(ကချင်) နှင့် ပြည်သူ့အကျိုးပြုကျောင်းသားများပါတီတို့က နိုင်ငံရေးပါတီ တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ပြန်လည်လျှောက်ထားကြောင်း UEC ကထုတ်ပြန်ကြေညာထားသည်။

ဒီမိုကရက်တစ်အင်အားစုလေဘာပါတီမှ နိုင်ငံရေးပါတီ တည်ထောင်ခွင့် လျှောက်ထားခဲ့ပြီး ဒီမိုကရေစီပါတီသစ်(ကချင်) နှင့် ပြည်သူ့အကျိုးပြုကျောင်းသားများပါတီတို့က နိုင်ငံရေးပါတီ အဖြစ် ဆက်လက်တည်ထောင်လိုကြောင်း လျှောက်ထားခဲ့ခြင်းဖြစ်သည်။

ဖေဖော်ဝါရီ ၁ ရက် မှ ၂၂ ရက်အထိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ နိုင်ငံရေးပါတီ တည်ထောင်ခွင့်မှတ်ပုံတင်နှင့် မှတ်ပုံတင်ပြန်လည်လျှောက်ထားလာသည့် ပါတီပေါင်း ၈ ပါတီရှိပြီ ဖြစ်ကြောင်း UEC ကြေညာချက်အရ သိရသည်။

၎င်းတို့မှာ
၁။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ
၂။ ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီ
၃။ မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ ( MPD)
၄။ ပြည်ထောင်စုဒီမိုကရေစီပါတီ (Union Democracy Party)
၅။ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)
၆။ ဒီမိုကရက်တစ်အင်အားစုလေဘာပါတီ
၇။ ဒီမိုကရေစီပါတီသစ်(ကချင်)
၈။ နှင့် ပြည်သူ့အကျိုးပြုကျောင်းသားများပါတီတို့ဖြစ်ကြောင်း သိရသည်။

ယင်းကြောင့် ထုတ်ပြန်ထားသည့် ဥပဒေသစ်အရ နိုင်ငံရေးပါတီများအနေဖြင့် ဆက်လက်ရပ်တည်မည်ဆိုပါက ရက်ပေါင်း ၆၀ အတွင်းပြန်လည်မှတ်ပုံတင်လျှောက်ထားရမည်ဖြစ်ပြီး မလျှောက်ထားဘူးဆိုပါက နိုင်ငံရေးပါတီအဖြစ်ကနေ အလိုအလျောက် ပျက်ပြယ်သွားမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here