မြန်မာ့လက်ရွေးစင်အမျိုးသမီး ယူ- ၂၀ အသင်း ကမ္ဘောဒီးယားအသင်းနှင့်စတင် ထိပ်တိုက်​တွေ့မည်

0
127

၂၀၂၄ အာရှအမျိုးသမီး ယူ-၂၀ ခြေစစ်ပွဲပထမအဆင့်အား ကမ္ဘောဒီးယားနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံ၍ မတ် ၈ ရက်မှစတင်ကာ ကျင်းပသွားမည်ဖြစ်သည်။

ထိုသို့ ကျင်းပရာ၌ အုပ်စု(G)တွင် ကျရောက်နေသည့် မြန်မာ့လက်ရွေးစင် အမျိုးသမီး ယူ-၂၀ အသင်းသည် မတ် ၈ ရက်(မြန်မာစံတော်ချိန်)နေ့လည် ၃ နာရီခွဲ၌ အိမ်ရှင်ကမ္ဘောဒီးယားအသင်းနှင့်အဖွင့်ပွဲစဥ်အဖြစ် စတင်ယှဥ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မတ် ၁၂ ရက်(မြန်မာစံတော်ချိန်)နေ့လည် ၃ နာရီခွဲတွင် မလေးရှားနိုင်ငံအသင်းနှင့်ဆက်လက်ယှဥ်ပြိုင်ရမည်ဖြစ်ကာ အုပ်စု(G)တွင် ကျရောက်ခဲ့သည့် ပါကစ္စတန်အမျိုးသမီးအသင်းမှာ ပြိုင်ပွဲမှ နှုတ်ထွက်သွားခဲ့ကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီး ယူ-၂၀ အသင်းအား နည်းပြချုပ်အဖြစ် ဒေါ်စန်းစန်းသိန်းမှတာဝန်ယူ၍ လက်ထောက်နည်းပြများအဖြစ် ဒေါ်နွယ်နွယ်တိုးနှင့်ဒေါ်စန်းယုနိုင်၊ ဂိုးနည်းပြအဖြစ် ဒေါ်မေခင်ယမင်းတို့ကတာဝန်ယူကာ ကစားသမား ၃၀ ဦးဖြင့် လေ့ကျင့်လျက်ရှိကြောင်း သိရသည်။

ပထမအဆင့် ခြေစစ်ပွဲတွင် အုပ်စုပထမရရှိသည့် အသင်း ၈ သင်းသည် ဇွန်လအတွင်း၌ အုပ်စုနှစ်ခုခွဲ၍ ဒုတိယအဆင့်ခြေစစ်ပွဲများအား ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၄ အာရှအမျိုးသမီး ယူ-၂၀ ပြိုင်ပွဲအား ဥဇဘတ်ကစ္စတန်နိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပမည်ဖြစ်ကာ ပထမ၊ဒုတိယနှင့်တတိယရဆုရရှိသည့် အသင်းများမှာ ၂၀၂၄ ဖီဖာ အမျိုးသမီး ယူ-၂၀ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်မည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here