ရန်ကုန်ယူနိုက်တက် ၅ ဂိုးပြတ်အနိုင်ရပြီး မြ၀တီနှင့် ဟံသာ၀တီသရေကျ

0
114

၂၀၂၃ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် (၁) နောက်ဆုံးပွဲစဉ်များအဖြစ် GFA အသင်းနှင့် ရန်ကုန်ယူနိုက်တက်၊ မြ၀တီအသင်းနှင့် ဟံသာ၀တီယူနိုက်တက်တို့ယှဉ်ပြိုင်ကစားခဲ့ကြသည်။

သု၀ဏ္ဏ အားကစားကွင်းတွင် ယှဉ်ပြိုင်ခဲ့သော GFA အသင်းနှင့် ရန်ကုန်ယူနိုက်တက်ပွဲစဉ်တွင် ရန်ကုန်ယူနိုက်တက်က ပွဲကိုအသာစီးကစားခဲ့ကာ ပထမပိုင်းတွင်ပင် တိုက်စစ်ကစားသမား ၀င်းနိုင်ထွန်း၏သွင်းဂိုး သုံးဂိုးဖြင့်ဦးဆောင်နိုင်ခဲ့ပြီး ပွဲအပြီးတွင် ၅ ဂိုး ဂိုးမရှိရလဒ်ဖြင့်အနိုင်ရရှိခဲ့သည်။

GFA အသင်းနှင့် ရန်ကုန်ယူနိုက်တက်ပွဲစဉ်သည် ၂၀၂၃ မြန်မာနေရှင်လိဂ်၏ ပထမဆုံးဂိုးပြတ်နိုင်သည့်ပွဲစဉ်ဖြစ်ခဲ့ပြီး ရန်ကုန်ယူနိုက်တက်တိုက်စစ်ကစားသမား ၀င်းနိုင်ထွန်းသည်လည်း ပထမဆုံး ဟက်ထရစ်ရရှိသူအဖြစ် မှတ်တမ်း၀င်ခဲ့သည်။

YUSC ကွင်း၌ ယှဉ်ပြိုင်ခဲ့သော မြ၀တီအသင်းနှင့် ဟံသာ၀တီယူနိုက်တက်တို့ပွဲစဉ်တွင် ခြေရည်တူနှစ်သင်း အကြိတ်အနယ်ရှိခဲ့ပြီး တစ်ဖက် ၁ ဂိုးစီဖြင့် သရေရလဒ်ထွက်ပေါ်ကာ ပွဲပြီးဆုံးသွားခဲ့သည်။

Photo – MNL


LEAVE A REPLY

Please enter your comment!
Please enter your name here