နေပြည်​တော်တွင် တက္ကသိုလ်ဝင်စာ​မေးပွဲ​ဖြေဆိုမည့်သူ တ​စ်ထောင်​ကျော်နှင့်စာစစ်ဌာန၆ခု

0
168

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား နေပြည်တော်၊ဇမ္ဗူသီရိမြို့နယ်မှ ကျောင်းသား၊ကျောင်းသူ ၁၀၄၉ ဦးဝင်ရောက်ဖြေဆိုသွားမည်ဖြစ်သည်။

ဇမ္ဗူသီရိမြို့နယ်အတွင်း၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် စာစစ်ဌာနများအဖြစ် အ.ထ.က(၆)၊ အ.ထ.က(၇)၊ အ.ထ.က(၁၄)၊ အ.ထ.က(၂၂)၊ အ. ထ.က(ခွဲ)(၃)နှင့်ခုတင် ၁၀၀၀ ဆေးရုံ(စုစုပေါင်း စာစစ်ဌာန ၆ ခု)ဖွင့်လှစ်သွားမည်။

အဆိုပါ စာစစ်ဌာနများ၌ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရန် လုံခြုံရေးနှင့်ကျန်းမာရေးစောင့်ရှောက်မှုများကိုလည်း တာဝန်ရှိသူများက ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်၌ ဇမ္ဗူသီရိမြို့နယ်မှ တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ကျောင်းသူများမှာ တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုခွင့်ကတ်ပြားများအား သက်ဆိုင်ရာစာသင်ကျောင်းများတွင် ထုတ်ယူလျက်ရှိ​နေကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here