ကမ္ဘောဒီးယား၌ ကြက်ငှက်တုပ်ကွေးကြောင့် ၁၁ နှစ်အရွယ်ကလေးတစ်ဦးသေဆုံး

0
181

ဖနွမ်းပင်၊ဖေဖော်ဝါရီ ၂၃

ကမ္ဘောဒီးယား၌ အသက် ၁၁ နှစ်အရွယ်ကလေးငယ်တစ်ဦး ကြက်ငှက်တုပ်ကွေးရောဂါဖြင့်သေဆုံးသွားကြောင်းသိရပြီး နှစ်အတော်ကြာအတွင်း နိုင်ငံ၏ပထမဆုံးကြက်ငှက်တုပ်ကွေးကြောင့်သေဆုံးမှုဖြစ်လာကြောင်း ကျန်းမာရေးအာဏာပိုင်များကပြောကြားခဲ့သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်း မကြာသေးမီအချိန်အတွင်း တွေ့ရှိမှုပြန်များလာသော ကြက်ငှက်တုပ်ကွေးရောဂါနှင့်ပတ်သက်၍ သတိထားစောင့်ကြည့်ရန်ညွှန်ကြားခဲ့သော်လည်း လူများသို့ကူးစက်နိုင်ချေနည်းသည်ဟုပြောကြားခဲ့သည်။

ကမ္ဘောဒီးယား၌သေဆုံးသွားသောကလေးငယ်သည် ဖေဖော်ဝါရီ ၁၆ ရက်ကစတင်ဖျားနာခဲ့ပြီး ဖျားခြင်း၊ချောင်းဆိုးခြင်းနှင့် လည်ချောင်းနာခြင်းများဖြစ်ပွားကာ ဆေးရုံ၌သေဆုံးသွားခြင်းဖြစ်ကြောင်းသိရသည်။

မည်သည့်နေ့ကသေဆုံးသွားသည်ကို အတိအကျမပြောကြားခဲ့သော်လည်း အဆိုပါကလေးငယ်၏ဆေးစစ်ချက်၌ ကြက်ငှက်တုပ်ကွေးရောဂါ H5N1 အားစစ်ဆေးတွေ့ရှိခဲ့သည်။ကြက်ငှက်တုပ်ကွေးသည်ငှက်များမှ လူသို့တိုက်ရိုက်ကူးစက်နိုင်သည်ဟုလည်းသိရသည်။

အဆိုပါကြက်ငှက်တုပ်ကွေးရောဂါကြောင့်သေဆုံးသွားသည့် ကလေးငယ်၏မိဘဆွေမျိုးများအား ကမ္ဘောဒီးယားဝန်ကြီးချုပ်မစ္စတာဟွန်ဆန်က အ မေရိကန်ဒေါ်လာ ၄၉၂ ဒေါ်လာတန်ဖိုးရှိ အလှူငွေများလည်းပေးအပ်ခဲ့ကြောင်းသိရသည်။

အဆိုပါကလေးငယ်သေဆုံးပြီးနောက် ၎င်းနေထိုင်ရာပတ်ဝန်းကျင်အား သတိထားစောင့်ကြည့်နေခဲ့ရာမှ ယနေ့တွင်နောက်ထပ် ၁၂ ဦး၌ ကြက်ငှက်တုပ်ကွေး H5N1 အား ထပ်မံတွေ့ရှိခဲ့သည်ဟုလည်း ကမ္ဘောဒီးယားကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ခဲ့သည်။

Ref 1 :AFP

Ref 2 : Khmer Times

Photo : AP Image


LEAVE A REPLY

Please enter your comment!
Please enter your name here