အိုဟိုင်းယိုးတွင် အန္တရာယ်ရှိ ဓာတုပစ္စည်းများတင်ဆောင်လာသည့် ရထားလမ်းချော် တိမ်းမှောက်မှုကြောင့် တိရစ္ဆာန် ၄ သောင်းကျော် သေဆုံး

0
249

အမေရိကန်ပြည်ထောင်စု အိုဟိုင်းယိုးပြည်နယ်တွင် အန္တရာယ်ရှိ ဓာတုပစ္စည်းများ တင်ဆောင်လာသည့် ရထားတစ်စီး ဖေဖေါ်ဝါရီ ၃ ရက်နေ့ညပိုင်းက တိမ်းမှောက်ခဲ့ခြင်းကြောင့် အခင်းဖြစ်နေရာတွင် ရေနေသတ္တဝါများအပါအဝင် တိရစ္ဆာန် အကောင်ရေ ၃၅၀၀ ကျော် သေဆုံးခဲ့ပြီး၊ အခင်းဖြစ်နေရာမှ ၅ မိုင် ဧရိယာအတွင်း တိရစ္ဆာန်အကောင်ရေ စုစုပေါင်း ၄၃၇၀၀ ခန့်သေဆုံးခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားသည်။

အိုဟိုင်းယိုးပြည်နယ် သဘာဝအရင်းအမြစ်ဌာနမှ ညွှန်ကြားရေးမှူး မေရီမာ့ဇ်က ယခု ခန့်မှန်းချက်အသစ်သည် ပြန်လည်မွမ်းမံထားသော တွက်ချက်မှုများမှ ထွက်ပေါ်လာခြင်းဖြစ်ကြောင်း ကြာသပတေးနေ့က ပြောကြားခဲ့သည်။

ဖေဖော်ဝါရီ ၃ ရက်က ရထားလမ်းချော်မှုအနေဖြင့် အထူးကာကွယ်ရေးပစ္စည်းကိရိယာများနှင့် သင့်လျော်သည့် စက်ကိရိယာများမပါသော အန္တရာယ်ရှိ ဓာတုပစ္စည်းများ တင်ဆောင်လာသည့် ရထားတွဲများ ရေထဲသို့လမ်းချော်ကျဆင်းခြင်းသည်အန္တရာယ်များလွန်းကြောင်း သူမက ပြောကြားခဲ့သည်။

ဖေဖော်ဝါရီ ၆ ရက်မှ ၇ ရက်အထိ နှစ်ရက်တာကာလအတွင်း အိုဟိုင်းယိုးပြည်နယ် သဘာဝအရင်းအမြစ်ဌာနသည် ရထားလမ်းချော်ရာဒေသအနီး မတူညီသော နေရာလေးခုတွင် နမူနာများကို စုဆောင်းခဲ့သည်။ ထိုအချိန်အတွင်း သေဆုံးနေသည့် ရေနေသတ္တဝါ ၂၉၃၈ ကောင်ကို တွေ့ရှိခဲ့ပြီး ၎င်းတို့အနက် ၂,၂၀၀ မှာ သေးငယ်သော ခြင်စားငါးများဖြစ်ပြီး ကျန်တိရစ္ဆာန်များမှာ ငါး၊ ကုန်းနေရေနေ သတ္တဝါများနှင့် ကျောရိုးမဲ့များသတ္တဝါများဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ အဆိုပါ ရထားလမ်းချော်တိမ်းမှောက်မှုကြောင့် ဒေသ၏ ဂေဟစနစ်ကို ထိခိုက်မှုများစွာရှိလာမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here