ပြည်တွင်းသုံးစွဲမှုမြင့်တက်လာသည့်အတွက် သကြားဈေးမြင့်တက်လာ

0
171

ပြည်တွင်းသုံးစွဲမှုမြင့်တက်လာခြင်းကြောင့် ဈေးကွက်ထဲတွင် သကြားဈေး ရုတ်တရက်မြင့်တက်လာကြောင်း မြန်မာနိုင်ငံသကြားနှင့်ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းမှ သိရသည်။

“ပြည်တွင်းစားသုံးမှုကလည်းပိုလာတယ်၊ ပြည်ပကနေလည်းတင်သွင်းမှုမရှိတာပါတယ်၊ နယ်တွေဘက်ကလည်း မိုးခေါင်တော့ အထွက်နှုန်းက ၁၀ ရာခိုင်နှုန်းလောက်ကျသွားတယ်၊ လက်ရှိမှာပြည်တွင်းကသကြားကို ပြည်ပတင်ပို့မှုအနေနဲ့ကတော့ ဗီယက်နမ်ကို စာချုပ်ပါအတိုင်းပဲ ပို့နေတယ်” ဟု မြန်မာနိုင်ငံသကြားနှင့်ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းမှ ဒုတိယဥက္ကဋ္ဌ ဦးဝင်းဌေးကပြောသည်။

ပြည်တွင်းသကြားဈေးနှုန်းမှာ မန္တလေးတွင် တစ်ပိဿာ ၂၉၃၀ ကျပ်၊ ရန်ကုန်တွင် တစ်ပိဿာ ၃၀၅၀  ကျပ်ဖြစ်သည်။

လက်ရှိတွင် ဗီယက်နမ်နိုင်ငံ တစ်ခုတည်းကိုသာ မြန်မာ့သကြား တန်ချိန် (၄) သောင်းခွဲ တင်ပို့ရောင်းချရန် စာချုပ်ချုပ်ဆိုထားပြီး တန်ချိန် (၅၀၀၀) ခန့်သာ တင်ပို့ရသေးကြောင်း၊ ယင်းအပြင် ၂၀၂၂-၂၀၂၃ ကြံရာသီတွင် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် စစ်ကိုင်းတိုင်း ကသာမြို့တွင် တန် ၁၂၀၀၀ နှင့် တန် ၅၀၀၀ သကြားစက်များ လည်ပတ်နေပြီး လာမည့်နှစ်ကစ၍ ပြည်တွင်းသကြားထုတ်လုပ်မှု မြင့်တက်လာနိုင်ကြောင်း မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းက ခန့်မှန်းထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here