သာမန် ၈ နှစ်သားတွေရဲ့ ကိုယ်အလေးချိန်ထက် ပိုများနေတဲ့ အင်ဒိုနီးရှားက ၁ နှစ်သားကျော်အရွယ် ကောင်လေး ကန်ဇီ

0
146

အင်ဒိုနီးရှားမှာနေထိုင်တဲ့ ၁ နှစ်နဲ့ ၄ လသားအရွယ် မိုဟာမတ် ကန်ဇီဆိုသူ ကလေးငယ်ဟာ အရွယ်နဲ့ မလိုက်အောင် ကိုယ်အလေးချိန် ပေါင် ၆၀ နဲ့ ကြီးမားလွန်းတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပါတယ်။ ဒါဟာ သာမန် ၈ နှစ်သားအရွယ် ကလေးတွေထက် ပိုများတဲ့ ပေါင်ချိန် ဖြစ်ပါတယ်။

ကန်ဇီဟာ သူရဲ့ မိဘတွေနဲ့အတူ အင်ဒိုနီးရှားနိုင်ငံ၊ ဘန်ဒွန်မြို့မှာ နေထိုင်ပါတယ်။ သာမန် ၁ နှစ်နဲ့ ၄ လသားအရွယ် ကလေးတွေဟာ ကန်ဇီရဲ့ လက်ရှိ ကိုယ်အလေးချိန်ရဲ့ သုံးပုံတစ်ပုံဖြစ်တဲ့ ၂၂ ပေါင်လောက်သာရှိပါတယ်။

ကန်ဇီရဲ့အမေက သူ့ကို ကြမ်းပြင်ပေါ် ထိုင်ဖို့ ထူပေးနေတဲ့ ဗီဒီယိုဟာ အွန်လိုင်းပေါ်မှာ ပျံနှံ့သွားပြီးတဲ့နောက်ပိုင်း ကန်ဇီလေးကို လူအများက စိတ်ဝင်စားလာကြပါတယ်။

ကန်ဇီရဲ့ ခန္ဓာကိုယ်ဟာ အရမ်းကို ကြီးလွန်းလို့ အိမ်မှာရှိတဲ့ ကလေးတွန်းလှည်းကတောင် ကောင်းကောင်းမထိန်းထားနိုင်ပါဘူးလို့ ကန်ဇီရဲ့ မိခင်ဖြစ်သူ ပီတရီရာက ပြောပါတယ်။

ဒါ့အပြင် ကန်ဇီဟာ ကိုယ့် ဘာသာကိုယ် မတ်တပ် မရပ်နိုင် မထိုင် နိုင်ပါဘူး။ သူ့အတွက် သေးခံကိုလည်း XXXL ဆိုဒ်ကို အသုံးပြုတယ်လို့ သိရပါတယ်။ ဖခင်ဖြစ်သူနဲ့ ကိုယ်အရွယ်အစား သိပ်မကွာတာကြောင့် တစ်ခါတစ်ရံ ဖအေဖြစ်သူရဲ့ အင်္ကျီတွေကို ကန်ဇီလေးကို ပေးဝတ်ပါတယ်လို့ ပီတရီရာက ပြောလာပါတယ်။

ကန်ဇီဟာ မွေးမွေးချင်းက ၁၀ ပေါင် ပဲ ရှိပါတယ်။ ဒါပေမယ့် ပြီးခဲ့နှစ်အတွင်း အဆမတန် ဖွံ့ထွားလာတာကြောင့် သက်ဆိုင်ရာ ကျန်းမာရေးဌာနတွေက ပုံမှန် လာရောက်စစ်ဆေးတာမျိုး လုပ်နေရပါတယ်။

ကျန်းမာရေးအရ လွဲမှားမှု တစ်ခုခုကြောင့် အခုလိုမျိုး အလေးချိန် တက်လာသလားဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ကျန်မားရေးဝန်ကြီး ဘူဒီ ဂူနာဒီ ဆာဒီကင် ကတော့ ကန်ဇီလေးကို စောင့်ကြည့်ဖို့နဲ့ ကုသပေးဖို့ တာဝန်ရှိသူတွေကို ညွှန်ကြားထားတယ်လို့ ပြောလာပါတယ်။

Source: The Sun


LEAVE A REPLY

Please enter your comment!
Please enter your name here