ရှေ့ဘီးပေါက်သွားသည့် ကျောက်တင်ကားက တွဲကားကိုဝင်တိုက်၊ ကျောက်တင်ကားမောင်းသူအားပြင်းထန်ဒဏ်ရာဖြင့် ဆေးရုံပို့ခဲ့ရ

0
249

ပဲခူးတိုင်းရှိ ရန်ကုန်-မန္တလေးလမ်းဟောင်း၏ အင်ဒိုင်းကျေးရွာတွင် ရှေ့ဘီးပေါက်သွားသည့် ကျောက်တင်ကားက အရှိန်မထိန်းနိုင်ဘဲ တွဲကားကိုဝင်တိုက်မိခဲ့မှု ဖေဖော်ဝါရီ ၂၄ ရက်(ယနေ့)နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း ရင်ခုန်သံရှင်ရေးကူညီမှုအသင်းမှ သိရသည်။

ယနေ့နံနက် ၉ နာရီခန့်က တောင်ငူမြို့နေ ကိုဝေယံဇော် မောင်းနှင်လာသည့် ကျောက်တင်ကားသည် အင်းဒိုင်းကျေးရွာတွင် ရှေ့ဘီးပေါက်သွားကာ အရှိန်မထိန်းနိုင်ဘဲ တွဲကားအားဝင်တိုက်မိခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်ကြောင့် ကျောက်တင်ကားမောင်းသည့် ကိုဝေယံဇော်မှာ ကားခေါင်းခန်းအတွင်း၌ညပ်နေသဖြင့် ရင်ခုန်သံရှင်ရေးကူညီမှုအသင်းမှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ရန် သွားရောက်ခဲ့ကြသည်။

“ကျောက်တင်ကားက လေးမိုင်ဘက်မှာကျောက်တင်လာပြီး ကျွဲပွဲဘက်ကိုမောင်းလာတဲ့အချိန် ရှေ့ဘီးပေါက်သွားပြီး ရန်ကုန်ဘက်ကမောင်းလာတဲ့ တွဲကားကိုဝင်တိုက်မိသွားတာ ကျောက်တင်ကားမောင်းတဲ့လူက ကားခေါင်းခန်းထဲမှညပ်နေလို့ အနီးနားကလူတွေကကယ်ထုတ်ထားတယ် ကျွန်တော်တို့ရောက်သွားတော့ လိုအပ်တာတွေစမ်းသပ်ပြီး အသက်ရှိနေသေးတဲ့အတွက် ဆေးရုံကိုချက်ခြင်းပို့ပေးခဲ့ပါတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်တွင် ထိခိုက်ဒဏ်ရာများ(စိုးရိမ်ရ)ရရှိခဲ့သည့် ကျောက်တင်ကားမောင်းသူအား ရင်ခုန်သံရှင်ရေးကူညီမှုအသင်းမှ အုတ်တွင်းဆေးရုံသို့ပို့ ဆောင်ပေးခဲ့ကြပြီး အရေးပေါ်အခြေအနေကြောင့် တောင်ငူဆေးရုံကြီးသို့ ဆက်လက်ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Photo-ရင်ခုန်သံရှင်ရေးကူညီမှုအသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here