မကွေးမြို့တွင် စက်မှုဇုန်တစ်ခုအကောင်အထည် ဖော်နေ

0
172

MSME လုပ်ငန်းများမှာ စီးပွားရေးလုပ်ငန်းများ၏ ၉၀ ရာခိုင်နှုန်းကျော်ရှိနေ၍ မြန်မာနိုင်ငံ၏ အဓိကကျောရိုးမဏ္ဍိုင်ဖြစ်ကာ နိုင်ငံလူဦးရေ၏ လေးပုံသုံးပုံကို MSME လုပ်ငန်းများမှ အလုပ်အကိုင်အခွင့်အလမ်းများဖြည့်ဆည်းပေးနေလျက်ရှိသည်။

မကွေးတိုင်းအတွင်း၌ တရားဝင်မှတ်ပုံတင်ထားသည့် စီးပွားရေးလုပ်ငန်းပေါင်း ၂၂၄၅၆ ခုရှိကာ MSMEs လုပ်ငန်းရှင်များကို SME Member Card ထုတ်ပေးရာတွင် အသေးစား ၂၈၉၈ ခု၊အလတ် စား ၂၆၇ ခု(စုစုပေါင်း ၃၁၆၅ ခု)ထုတ်ပေးထားပြီးဖြစ်သည်။

ထို့ပြင် မကွေးတိုင်းအစိုးရအဖွဲ့မှ မကွေးမြို့တွင် စက်မှုဇုန်တစ်ခုအား သတ်မှတ်ထားသည့် ဥပဒေ၊လုပ်ထုံးလုပ်နည်းများနှင့်အညီ လုပ်ဆောင်လျက်ရှိသည်ဟု မကွေးတိုင်း MSME Agency နာယက၊ တိုင်းဝန်ကြီးချုပ်ဦးတင့်လွင်မှ MSME လုပ်ငန်းရှင်များအား ဖေဖော်ဝါရီ ၂၃ ရက်နံနက်၁၀ နာရီက တွေ့ ဆုံစဥ်ပြောကြားခဲ့သည်။

“နိုင်ငံတော်ဝန်ကြီးချုပ် လမ်းညွှန်သွားတဲ့အတိုင်း မကွေးတိုင်းကို စားသုံးဆီနဲ့ချည်ထည်ပစ္စည်း အများဆုံးထုတ်လုပ်တဲ့ တိုင်းဒေသကြီးဖြစ်အောင်ကြိုးပမ်းဆောင်ရွက်နေပါတယ်”ဟု တိုင်းဝန်ကြီးချုပ်ကပြောသည်။

“မကွေးတိုင်းရှိ MSME လုပ်ငန်းရှင်များ ကြုံတွေ့နေရသည့် အခက်အခဲများနှင့်လိုအပ်ချက်များကို တိုင်း MSME Agency မှကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကာ ကူညီဆောင်ရွက်မပေးနိုင်သည့်ကိစ္စများအား ပြည်ထောင်စုအစိုးရထံတင်ပြပေးသွားမည်”ဟု တိုင်းဝန်ကြီးချုပ်ဦးတင့်လွင်မှ MSME လုပ်ငန်းရှင်များအား ညှိုနှိုင်းဆောင်ရွက်ပေးသွားမည်ဟုသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here