ဝါရင့်အနုပညာရှင်ကြီး ရှုမဝမောင်ယဉ်ထွေးကွယ်လွန်

0
239

ဝါရင့်အနုပညာရှင်ကြီးဖြစ်တဲ့ ရှုမဝမောင်ယဥ်ထွေး အသက် ၈၃ နှစ်ဟာဖေဖော်ဝါရီ ၂၃ရက် နံနက် ၁၁ နာရီက လူကြီးရောဂါနဲ့ ကွယ်လွန်

သွားခဲ့တာဖြစ်ပြီးဖေဖော်ဝါရီ  ၂၅ ရက် နံနက် ၁၀ နာရီမှာ ရေဝေးသုဿန်မှာ သင်္ဂြိုလ်မယ်လို့ သိရပါတယ်။

အခုလိုဆုံးပါးသွားတာနဲ့ပတ်သက်ပြီး ဦးအေးကြူလေး က

“သက်ကြီးရောဂါနဲ့ တောင်ဥက္ကလာနေအိမ်မှာ ဆုံးတာ ရှုမဝက ထွက်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတွေ အများကြီးကို ရိုက်ခဲ့တယ်မင်းသမီး စန်းစန်းအေးနဲ့တွဲပြီး မောင်ရင်ထွေး၊ စန်းစန်းအေးဆိုပြီး တော်တော်များများ ဇာတ်ကားတွေ ရိုက်ခဲ့ကြတယ် ဦးကြူတို့လည်း စိတ်မကောင်းဘူး” လို့လည်းပြောပါတယ်။

မောင်ယဉ်ထွေးပါဝင်တဲ့ လုလင်ငယ်ထွေးဇာတ်ကားဟာ နာမည်ကြီးဇာတ်ကားတစ်ကားဖြစ်ခဲ့ပြီး  ရင်ဝယ်တသိမ့်သိမ့် ၊ ချစ်တဲ့သူရဲ့ ရင်ခွင် ၊ လေချိုတသွေးသွေး၊ ရွှေဝတ်မှုန် ၊ မေတ္တာစာတပုဒ် ၊ ချွေးကလေးစိုစို စတဲ့ ရုပ်ရှင် ဇာတ်ကားကြီးတွေကိုလည်း ရိုက်ကူးခဲ့ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here