သိန္နီမြို့တွင် ကုန်တင်ယာဉ် (၂) စီးတိုက်မိပြီး ဂစ်(စ်)အိုး များပါပေါက်ကွဲ၍ ယာဉ် (၂) စီးလုံး မီးလောင်ပျက်စီး

0
231

ရှမ်းပြည်နယ်၊လားရှိုးခရိုင် သိန္နီမြို့တွင် ယနေ့ နံနက်ပိုင်းက ကုန်တင်ယာဉ် (၂) စီးတိုက်မိပြီး ဂစ်(စ်)အိုး များပါပေါက်ကွဲမှုကြောင့် ယာဉ် (၂) စီးလုံး မီးလောင်ပျက်စီးသွားကြောင်း သိန္နီမြို့မီးသတ်တပ်ဖွဲ့ ထံမှ သိရသည်။

သိန္နီမြို့၊ နမ့်စလပ်ကျေးရွာအုပ်စု နှင့် ပန်တီးကျေးရွာအုပ်စုကြားရှိ ရွှေမောသျှမ်းရေစင်အကွေ့တွင် ယနေ့ (ဖေဖော်ဝါရီ ၂၄ ရက်) နံနက် ၁၀ နာရီ ၅၀ မိနစ် အချိန်က ကုန်တင်ယာဉ် (၂) စီး တိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဂစ်(စ်) အိုးတင်ဆောင်လာသည့် ကားပေါက်ကွဲမှုကြောင့် ကား (၂) စီးလုံး မီးလောင်ပျက်စီးသွားကြောင်း သိရသည်။

” ထိခိုက်ဒဏ်ရာ ရရှိသူမရှိပါဘူး၊ တိုက်မိတဲ့ ယာဉ် ၂ စီးလုံး မီးလောင်ပျက်စီးသွားပါတယ် ” ဟု သိန္နီမြို့မီးသတ်တပ်ဖွဲ့မှ တာ၀န်ရှိသူတစ်ဦးက ပေါ်ပြုလာနယူး(စ်) သို့အတည်ပြုပြောဆိုသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် ကုန်တင်ယာဉ် (၂) စီးလုံး မီးလောင်ပျက်စီးဆုံးရှုံးသွားခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိခြင်း မရှိခဲ့ပေ။

Photo – Sai Hlamg


LEAVE A REPLY

Please enter your comment!
Please enter your name here