မော်လမြိုင်ကျွန်းမြို့တွင် YMBA အသင်းဥက္ကဋ္ဌ သေနတ်ဖြင့်ပစ်ခတ်ခံရ

0
276

ဧရာဝတီတိုင်း၊မော်လမြိုင်ကျွန်းမြို့တွင် လက်ဖက်ရည်ဆိုင်၌ လက်ဖက်ရည်သောက်နေသည့် YMBA အသင်း ဥက္ကဋ္ဌဦးကျော်တင်ဦး ဖေဖော်ဝါရီ ၂၄ ရက်(ယနေ့)မွန်းတည့်က သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရကြောင်း သိရသည်။

ယနေ့မွန်းတည့် ၁၂ နာရီခွဲခန့်က ဆိုင်ကယ်မောင်းလာသည့် အမည်မသိအမျိုးသား ၂ ဦးသည် မော်လမြိုင်ကျွန်းမြို့၊ဗိုလ်ချုပ်စျေးအနီးရှိ လဖက်ရည်ဆိုင်၌ လက်ဖက်ရည်သောက်နေသည့် YMBA အသင်းဥက္ကဋ္ဌဦးကျော်တင်ဦးအား သေနတ်ဖြင့်ပစ်ခတ်၍ မောင်းနှင်ထွက်ပြေးသွားခဲ့ကြကြောင်း သိရသည်။

သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ဦးကျော်တင်ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် မော်လမြိုင်ကျွန်းမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

“ဆိုင်ကယ်နဲ့မောင်းလာပြီးတော့ သေနတ်နဲ့ ၆ ချက်လောက်ပစ်သွားတယ်လို့သိရတယ် သူတို့ကပစ်ပြီးတော့ မောင်းပြေးသွားကြတယ် “ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here