နိုင်ငံခြားသား ခရီးသွားများအား ငွေသားလက်ဆောင်ပေးမည့် အစီအအစဉ်ကို ထိုင်ဝမ်ကြေညာ

0
156

ထိုင်ဝမ်သည် ခရီးသွားကဏ္ဍတွင် နိုင်ငံခြားသား ခရီးသွားများ ကို ဆွဲဆောင်ရန်အတွက် ၎င်း၏ ကျွန်းဆီသို့ လာရောက်အပန်းဖြေသည့် ကမ္ဘာလှည့်ခရီးသည်များကို တစ်ဦးလျှင် ဒေါ်လာ ၁၆၅ စီ ပေးသွားရန် စီစဉ်နေကြောင်း သိရသည်။

ထို့ပြင် အဖွဲ့လိုက် ခရီးထွက်သည့် ခရီးသွားအုပ်စုများကိုလည်း ၎င်း၏ ကျွန်းဆီသို့ လာရောက်လည်ပတ်စေရန်အတွက် ငွေသားလက်ဆောင်များ ပေးအပ်သွားမည်ဖြစ်သည်။

ထိုင်ဝမ်အစိုးရသည် ၂၀၂၃ ခုနှစ်တွင် ၎င်းကျွန်းဆီသို့ ကမ္ဘာလှည့်ခရီးသည် ၆ သန်း လာရောက်ရန် ရည်မှန်းထားကြောင်း ထိုင်ဝမ်ဝန်ကြီးချုပ် ချန်ချီယမ်ဂျန်က ဖေဖော်ဝါရီလ ၂၃ ရက် ကြာသပတေးနေ့တွင် ကြေညာခဲ့သည်။

ထို့ကြောင့် အစိုးရသည် နိုင်ငံခြားဧည့်သည်များအား ဆွဲဆောင်ရန်အတွက် ပထမဆုံး ရောက်လာသော ခရီးသွားဧည့်သည် အယောက် ငါးသိန်းကို တစ်ယောက်လျှင် ဒေါ်လာ ၁၆၅ စီ ပေးသွားမည်ဖြစ်သည်။ ထို့ပြင် ပထမဆုံး လာရောက်သည့် ခရီးသွားအုပ်စု ၉ သောင်းကိုလည်း တစ်အုပ်စုလျှင် ဒေါ်လာ ၆၅၈ အထိ ပေးသွားမည်ဟု သိရသည်။

အဆိုပါငွေသားများကို ဒစ်ဂျစ်တယ်စနစ်ဖြင့် ပေးသွားမည်ဟုလည်း လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဝမ်ကူဝိုစိုင်က ဗုဒ္ဓဟူးနေ့တွင် ပြောခဲ့သည်။ ထိုငွေများကို ထိုင်ဝမ်သို့ လာရောက်စဉ် တည်းခိုရန်နှင့် အသုံးစရိတ်များ ကာမိစေရန်အတွက် အသုံးပြုနိုင်မည်ဖြစ်သည်။

Source: CNN


LEAVE A REPLY

Please enter your comment!
Please enter your name here