တရုတ်နှင့်အာဆီယံတို့သည် မိတ်ဖက်ဆက်ဆံရေးကိုမြှင့်တင်ရန်ဆန္ဒရှိသည်ဟုထုတ်ဖော်ပြောကြား

0
255

တရုတ်နှင့်အာဆီယံတို့သည် ၎င်းတို့၏ပြီးပြည်စုံသော မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးအား မြှင့်တင်ရန် အတူပူးပေါင်းလုပ်ဆောင်ဖို့ဆန္ဒရှိကြောင်းထုတ်ဖော်ပြောကြားခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံရာ၌ အာဆီယံ အတွင်းရေးမှူးချုပ်က တရုတ်နိုင်ငံသည်အာဆီယံအတွက် ရေရှည်တည်တံ့ခိုင်မြဲပြီးအရေးကြီးသောမိတ်ဖက်ဖြစ်ကာ အာဆီယံနိုင်ငံများပေါင်းစည်းရေးအတွက် အဖိုးတန်သောပံ့ပိုးကူညီမှုများအတွက် ကျေးဇူးတင်ရှိကြောင်းပြောကြားခဲ့သည်။

ထို့ပြင်တရုတ်နိုင်ငံသည် အရှေ့တောင်အာရှ၏ချစ်ကြည်ရင်းနှီးမှုနှင့်ပူးပေါင်းဆောင်ရွက်ရေးစာချုပ်၌ပါဝင်သည့် ပထမဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ပြီး အာဆီယံ၏အရေးပါသောမဟာဗျူဟာမိတ်ဖက်ဖြစ်သည်ဟုလည်းဆိုခဲ့သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးမစ္စတာချင်ကလည်း အာဆီယံသည်အအောင်မြင်ဆုံး ဒေသတွင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့များထဲမှတစ်ခုဖြစ်သည်ဟုပြန်လည်ပြောကြားခဲ့သည်။

ယင်းနောက်မစ္စတာချင်က တရုတ်နိုင်ငံအနေဖြင့် အာဆီယံအား ၎င်း၏အိမ်နီးချင်းသံတမန်ဆက်ဆံရေး၏ ဦးစားပေးအဖြစ်ဆက်လက်ရှုမြင်လျက် အာဆီယံ၏ စည်းလုံးညီညွတ်ရေး နှင့်  အသိုက်အဝန်းထူထောင်မှုအား အခိုင်အမာထောက်ခံကာ တရုတ် – အာဆီယံဘက်စုံမဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးကို ခိုင်မာအောင်တည်ဆောက်သွားမည်ဟုလည်း အလေးပေးပြောကြားခဲ့သည်။

Source : Khmer Times


LEAVE A REPLY

Please enter your comment!
Please enter your name here