ရန်ကင်းမြို့နယ်ရှိ သံလမ်းမှတ်တိုင်အနီးတွင် မီးလောင်မှုဖြစ်ပွားခဲ့

0
151

ရန်ကုန်တိုင်း၊ရန်ကင်းမြို့နယ်၊အမှတ်(၁၃) ရပ်ကွက်တွင် ဖေဖော်ဝါရီ ၂၄ ရက်(ယနေ့)ညပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

ယနေ့ည ၉ နာရီ ၄ မိနစ်ခန့်က ရန်ကင်းမြို့နယ်၊အမှတ်(၁၃)ရပ်ကွက်၊သစ္စာလမ်းရှိ သံလမ်းမှတ် တိုင်အနီးတွင် မီးလောင်မှုဖြစ်ပွား၍ ရန်ကင်းမြို့ နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသည်။

မီးလောင်မှုအား ငြှိမ်းသတ်နိုင်ခြင်းမရှိသဖြင့် ည ၉ နာရီ ၁၀ မိနစ်၌ Level 1 အဆင့်မီးသတ်ကားများဖြင့် ထပ်မံငြှိမ်းသတ်ခဲ့ရသည်ဟု သိရသည်။

ထို့ကြောင့် ည ၉ နာရီ ၂၁ မိနစ်၌ မီးထိန်းနိုင်ခဲ့ပြီး ည ၉ နာရီ ၃၃ မိနစ်တွင်မီးငြှိမ်းသွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

ဖြစ်စဥ်မှ မီးလောင်ရသည့်အကြောင်းရင်းနှင့်ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here