မှတ်တိုင်၌ ကားစောင့်နေသည့် မိန်းမငယ် ပိုက်ဆံအိတ်လုခံရ၍ ​အော်သဖြင့်ဓားဖြင့်ပါထိုးခံခဲ့ရ

0
448

ရန်ကုန်တိုင်း၊ဒေါပုံမြို့နယ်ရှိ ရန်အောင်ကားမှတ်တိုင်တွင် ဖေဖော်ဝါရီ ၂၄ ရက်ညပိုင်းက ကားစောင့်နေသည့် အမျိုးသမီးတစ်ဦး ပိုက်ဆံအိတ်အလုခံရပြီး ဓားဖြင့်ပါထိုးခံခဲ့ရသည်ဟု ရှင်သန်ရေးကူညီမှုအသင်းမှ သိရသည်။

ယမန်နေ့ည ၈ နာရီ ၂၀ မိနစ်ခန့်က အမည်မသိအမျိုးသားများက ဒေါပုံမြို့နယ်၊ရန်အောင်ကား မှတ်တိုင်တွင် ကားစောင့်နေသည့် အသက်(၂၀) နှစ်ခန့်ရှိ အမျိုးသမီး၏ပိုက်ဆံအိတ်အား လုယက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ လုယက်စဥ် အမျိုးသမီးဖြစ်သူမှ အော်ဟစ်အကူအညီတောင်းခံခဲ့ရာ ပိုက်ဆံအိတ်လုသူများက အမျိုးသမီးအား ဓားဖြင့်ထိုး၍ထွက်ပြေးသွားခဲ့ကြကြောင်း သိရသည်။

“ကျောနဲ့ခါးမှာ ဓားထိုးခံထားရတယ် ၂ ချက်ပေါ့ ကောင်မလေးကကားစောင့်နေရင်းဖြစ်သွားတာ အသက်(၁၀)နှစ်လောက်ရှိတဲ့ သူ့မောင်လေးလည်းပါတယ် ပိုက်ဆံအိတ်လုတဲ့လူတွေက ပိုက်ဆံအိတ်လုတဲ့အချိန် ကောင်မလေးကအော်တော့ ဓားနဲ့ထိုးပြီးထွက်ပြေးသွားကြတယ် ဓားကအခင်းဖြစ်တဲ့နေရာမှာကျန်ခဲ့တယ်”ဟု ရှင်သန်ရေးလူမှုကူညီရေးအသင်း ဥက္ကဋ္ဌကပြောသည်။

ဖြစ်စဥ်တွင် ဓားဖြင့်ထိုးခံခဲ့ရသည့် အမျိုးသမီးအား ရှင်သန်ရေးလူမှုကူညီရေးအသင်းမှ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

အတင့်ရဲလာ​နေသည့် ခိုးဆိုးလုနိုက်များ ကင်းစင်သွားဖို့အတွက် အ​ဖြေများကိုအားလုံးက ရူ့​ထောင့်စုံမှ စဥ်းစားလုပ်​ဆောင်ကြရမည် အချိန်ပင်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here