မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဝန်ဆောင်မှုရုံး (UNOPS Myanmar)၏ မြန်မာနိုင်ငံ၌ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကိုဆွေး​နွေး

0
252

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းနောင်နှင့်မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂဝန်ဆောင်မှုရုံး(UNOPS Myanmar)၏ Country Director Ms. Sara Austin Netzer တို့ ဖေဖော်ဝါရီ ၂၄ ရက်နံနက်ပိုင်းက နေပြည်တော်၌တွေ့ဆုံခဲ့ကြသည်။

UNOPS သည် မြန်မာနိုင်ငံတွင် ၁၉၉၆ ခုနှစ်မှစတင်၍  နိုင်ငံတစ်ဝှမ်းရှိ ကျန်းမာရေး၊ အသက်မွေးဝမ်းကျောင်းမှု၊ ကျေးလက်ဖွံ့ဖြိုးရေးနှင့် စိုက်ပျိုးရေးကဏ္ဍများ တိုးတက်​အောင် ပံ့ပိုးပေး​နေသည့်အဖွဲ့ဖြစ်သည်။

အဖွဲ့သည် အခြားကုလသမဂ္ဂအဖွဲ့အစည်းများ၊ ဘက်စုံအလှူရှင်များနှင့် ပူးပေါင်း၍ အသေးစားနှင့် အလတ်စား ပရောဂျက်များလုပ်​ဆောင်​လျှက်ရှိသည်။

ထိုသို့တွေ့ဆုံရာ၌ အသက်မွေးဝမ်းကျောင်းနှင့်စားနပ်ရိ က္ခာဖူလုံရေးရန်ပုံငွေ(LIFT Fund)မှ မြန်မာနိုင်ငံတွင်ဆောင်ရွက်လျက်ရှိသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများ၌ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက လိုအပ်ချက်များကို ကူညီပံ့ပိုးဆောင်ရွက်ပေးနိုင်မည့်လုပ်ငန်းများ၊ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို အဓိကထားဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒု-ဝန်ကြီးဒေါက်တာတင်ထွဋ်နှင့်ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here