လမ်းပြောင်းပြန်မောင်းလာသည့် ကားကဆိုင်ကယ်ဝင်တိုက်ရာ ဆိုင်ကယ်မောင်းလာသည့် မိသားစုဝင် ၄ ဦးသေဆုံးခဲ့

0
358

ရန်ကုန်တိုင်း၊မြောက်ဥက္ကလာပမြို့နယ်၊ရွှေပေါက္ကံမြို့သစ်၊ပုဂံလမ်းမကြီးပေါ်ရှိ မော်ကျွန်းကားမှတ် တိုင်အနီး မြို့နယ် EPC ရုံးရှေ့တွင် ဖေဖော်ဝါရီ ၂၄ ရက်ညပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ကုသိုလ်တော်(ပါလေရာ)လူမှုကူညီရေးအသင်းမှ သိရသည်။

ယမန်နေ့ည ၉ နာရီခန့်က ရွှေပေါက္ကံမြို့သစ်၊ မြို့နယ် EPC ရုံးရှေ့တွင် အမျိုးသား ၂ ဦးနှင့်အမျိုးသမီး ၂ ဦးမိသားစု စီးနင်းလိုက်ပါလာသည့် ဆိုင်ကယ်နှင့်လမ်းပြောင်းပြန်မောင်းလာသည့် ကားတို့တိုက်မိခဲ့ကြောင်း သိရသည်။

“မြို့နယ် EPC ရုံးရှေ့မှာ စစ်ဆေးရေးဂိတ်ရှိတယ်။ ကားကလမ်းပြောင်းပြန်မောင်းလာတာ အဲဒီမှာကားနဲ့ဆိုင်ကယ်တိုက်မိတယ်။ ဆိုင်ကယ်က စစ်ဆေးရေးဂိတ်မှာတားထားတဲ့ဘယ်ရီဂိတ်တွေကိုတိုက်ပြီး လမ်းဘေးကဓာတ်တိုင်ကိုဝင်တိုက်တယ်”ဟု ကုသိုလ်တော်(ပါလေရာ)လူမှုကူညီရေးအသင်း၏ တာဝန်ရှိသူတစ်ဦးကပြောသည်။

ဖြစ်စဥ်ကြောင့် ဆိုင်ကယ်ပေါ်တွင် မောင်းနှင်လိုက်ပါလာသည့် ‌ရွှေပေါက္ကံမြို့သစ်၊ ၂၂ ရပ်ကွက်နေသူများဖြစ်သည့် ဦးဌေးအောင်၊ဒေါ်အေးမြတ်သူနှင့်မောင်ဇွဲထက်ပိုင်တို့မှာ ထိခိုက်ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး အသက်(၆)နှစ်အရွယ်ရှိ မအိမ့်ချစ်ပိုင်တွင်လည်း ထိခိုက်ဒဏ်ရာများ(စိုးရိမ်ရ)ရရှိခဲ့သဖြင့် မေဓာဝီဆေးရုံသို့ ကုသိုလ်တော်(ပါလေရာ)လူမှုကူညီရေးအသင်းမှ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

“ကလေးမလေးက မေဓာဝီဆေးရုံမှာ ဆေးကုသမှုခံယူနေရင်းနဲ့ ည ၁၂ နာရီလောက်မှာ သေဆုံးသွားပါတယ်။ တိုက်မိတဲ့ကားကမောင်းပြေးသွားပေမယ့် ဝေဘာဂီနားမှာမိသွားတယ်လို့ သိရပါတယ်” ဟု ကုသိုလ်တော်(ပါလေရာ)လူမှုကူညီရေးအသင်း၏ တာဝန်ရှိသူတစ်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here