ကမ္ဘောဒီးယား၏ကြက်ငှက်တုပ်ကွေး စိုးရိမ်စရာဖြစ်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ပြောကြား

0
154

လန်ဒန်၊ဖေဖော်ဝါရီ ၂၅

ကမ္ဘာ့ကျန်းမာရေးအဖွဲ့သည် ကမ္ဘောဒီးယား၌ ကြက်ငှက်တုပ်ကွေးရောဂါ အတည်ပြုလူနာများပေါ်ထွက်လာပြီးနောက် ကမ္ဘောဒီးယားအာဏာပိုင်များနှင့်အတူ အဆိုပါရောဂါအတွက်လက်တွဲလုပ်ဆောင်နေကြောင်းပြောကြားခဲ့သည်။

ကြက်ငှက်တုပ်ကွေးရောဂါသည်မကြာသေးမီအချိန်အတွင်းက ငှက်များနှင့်နို့တိုက်သတ္တဝါများ၌ ပြန်တွေ့မှုမြင့်မားလာသဖြင့် “စိုးရိမ်စရာ” အခြေအနေအဖြစ်သတ်မှတ်ကာ ၎င်း၏ကမ္ဘာလုံးဆိုင်ရာအန္တရာယ်ရှိမှုအခြေအနေအား ပြန်လည်သုံးသပ်နေကြောင်းပြောကြားခဲ့သည်။

ယခုလအစောပိုင်း၌ ကုလကျန်းမာရေးအေဂျင်စီက ကြက်ငှက်တုပ်ကွေးသည် လူသားများသို့ လွယ်လင့်တကူကူးစက်နိုင်ချေနည်းသည်ဟုကြေငြာထားသောကြောင့်ဖြစ်သည်။ကမ္ဘောဒီးယားအာဏာပိုင်များ၏ပြောကြားချက်အရ ကြက်ငှက်တုပ်ကွေးရောဂါဖြင့်သေဆုံးသွားသည့် အသက် ၁၁ နှစ်အရွယ်ကလေးငယ်၏ဖခင်၌လည်း ရောဂါလက္ခဏာတွေ့လာရကြောင်းပြောကြားခဲ့သည်။

လူသားများအပါအဝင်ကမ္ဘာတစ်ဝန်းရှိငှက်နှင့်နို့တိုက်သတ္တဝါများအတွင်း ဗိုင်းရပ်စ်ပျံ့နှံ့မှုများတိုးလာခြင်းကြောင့်ကမ္ဘာ့ H5N1 ကြက်ငှက်တုပ်ကွေးရောဂါအခြေအနေသည် စိုးရိမ်စရာဖြစ်လာသည်ဟုလည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကပြောကြားခဲ့သည်။

ထို့ကြောင့်နိုင်ငံများအနေဖြင့် ယခုကြက်ငှက်တုပ်ကွေးရောဂါ၏အန္တရာယ်ကိုအလေးအနက်ထားဆောင်ရွက်ကာ နိုင်ငံတိုင်းသတိထားကြရန်လည်းတိုက်တွန်းထားသည်။သို့သော်လွန်ခဲ့သည့်ဆယ်စုနှစ်နှစ်စုအတွင်းဖြစ်ပွားခဲ့သည့် ကြက်ငှက်တုပ်ကွေးရောဂါများနှင့်မတူသည့်အချက်မှာ ယခုဖြစ်သည့်မျိုးကွဲသည် ပြင်းထန်စွာ ဖျားခြင်းမျိုးမဖြစ်နိုင်ကြောင်းပြောကြားခဲ့သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here