သာကေတမြို့တွင် PAJERO ယာဉ်တစ်စီးက အနှေးယာဉ်နှင့် Hijet ကားတို့အား တိုက်ပြေး

0
662

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ PAJERO ယာဉ်တစ်စီးက အနှေးယာဉ်နှင့် Hijet ကားတို့အား တိုက်ပြေးမှု ယနေ့နေ့လည်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သာကေတမြို့နယ်၊ ယမုံနာလမ်း၊ မာန်ပြေမှတ်တိုင်အနီးတွင် ယနေ့ (ဖေဖော်ဝါရီလ ၂၅) နေ့လည် ၁၂ နာရီ ၃၃ မိနစ်အချိန်ခန့်က PAJERO ယာဉ်တစ်စီးသည် အနှေးယာဉ်နှင့် Hijet ကားတို့အား တိုက်ပြေးသွားခဲ့ခြင်းဖြစ်သည်။

” PAJERO ကားက တိုက်ပြေးသွားလို့ အနှေးယာဉ်‌လုပ်သား မထနိုင်လို့ ကူညီပေးလိုက်တာပါ၊ ကားကမောင်းပြေးသွားတယ်” ဟု မင်္ဂလာတောင်ညွန့်လူငယ် လူမှုကူညီကယ်ဆယ်ရေးအသင်းမှ တာ၀န်ရှိသူတစ်ဦးကပြောသည်။

အဆိုပါဖြစ်စဉ်ကြောင့် အသက် ၄၅ နှစ်အရွယ်ရှိ အနှေးယာဉ်လုပ်သား ဒဏ်ရာရရှိခဲ့သည့်အတွက် သစ္စာမဏ္ဍိုင်အသင်းနှင့် ပူးပေါင်၍ မှတ်တမ်းရယူပြီး ဒဏ်ရာရလူနာအား ရှေးဦးပြုစုမှုပေးပြီး ရန်ကုန်ဆေးရုံကြီးသို့ သစ္စာမဏ္ဍိုင်အသင်းယာဥ် ဖြင့်ပို့ဆောင်ကူညီ‌ပေးခဲ့ကြောင်း သိရသည်။

တိုက်ပြေးသွားသည့်ယာဉ်အမျိုးအစားမှာ PAJERO ဖားပြုတ် ယာဉ်နံပါတ် 7E – 6792 ဖြစ်သည်ဟု အတိုက်ခံရသော Hijet ယာဥ်မောင်းနှင့် မျက်မြင်တွေ့ရှိသူများက ပြောကြားချက်အရသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here