ယနေ့ညနေပိုင်းတွင် မောင်တောမြို့အားဗဟိုပြု၍ ငလျင်ထပ်မံလှုပ်ခတ် ၊ယနေ့တွင် ငလျင် ၂ ကြိမ်လှုပ်ခတ်သွား

0
156

ဖေဖော်ဝါရီ ၂၅ ရက်(ယနေ့)ညနေပိုင်းနှင့်နေ့လည်ပိုင်းတို့က မြန်မာနိုင်ငံ၌ ငလျင် ၂ ကြိမ်လှုပ်ခတ်သွားခဲ့သည်ဟု မိုးလေဗသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ယနေ့ညနေ ၅ နာရီ ၉ မိနစ် ၄၈ စက္ကန့်က ရခိုင်ပြည်နယ် မောင်တောမြို့အားဗဟိုပြု၍ ငလျင်လှုပ်ခတ်ခဲ့ပြီး နေ့လည် ၃ နာရီ ၄၁ မိနစ် ၁ စက္ကန့်ကလည်း စစ်ကိုင်းတိုင်း၊ယင်းမာပင်မြို့နယ်အားဗဟိုပြု၍ ငလျင်လှုပ်ခတ်ခဲ့သည်ဟု မိုးဇလကထုတ်ပြန်ခဲ့သည်။

ညနေပိုင်းက မောင်တောမြို့အားဗဟိုပြု၍ လှုပ်ခတ်ခဲ့သည့် ငလျင်သည် အင်အားရစ်(ခ်)တာစကေး (၄ ဒသမ ၀)အဆင့်ရှိပြီး အင်အားအနည်းငယ်ရှိသည်ဟု မိုးဇလ၏ထုတ်ပြန်ချက်အရ သိရသည်။

မောင်တောမြို့၏ မြောက်-အရှေ့မြောက်ဘက် (၈)မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၀ ဒသမ ၉၄ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒသမ ၃၉ ဒီဂရီ၊ အနက်(၁၅)ကီလိုမီတာအားဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။

စစ်ကိုင်းတိုင်း၊ယင်းမာပင်မြို့အားဗဟိုပြု၍ ယနေ့နေ့လည်ပိုင်းက လှုပ်ခတ်ခဲ့သည့်ငလျင်မှာ အင်အားရစ်(ခ်)တာစကေး ၃ ဒသမ ၈ အဆင့်ရှိ အင်အားအနည်းငယ်ရှိကြောင်း သိရသည်။

ယင်းမာပင်မြို့၏ အနောက်-အနောက်မြောက်ဘက်(၁၇)မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် ၂၂ ဒသမ ၁၃ ဒီဂရီ၊အရှေ့လောင်ဂျီတွဒ် ၉၄ ဒသမ ၆၄ ဒီဂရီ၊ အနက် (၇၄)ကီလိုမီတာအားဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here