မုဒုံ ခုနှစ်ခွေတောင်အဆင်းတွင် လမ်းခင်းကျောက်များတင်လာ‌သော ကားဘရိတ်ပေါက်ကာ တောင်စောင်းမှပြုတ်ကျ

0
128

ကျိုက်မရောမြို့နယ်မှ မုဒုံမြို့သို့ လမ်းခင်းကျောက်များ တင်ဆောင်မောင်းနှင်လာသော FORLAND (အဖြူရောင်) ယာဉ်(၁)စီးသည် ယနေ့ (ဖေဖော်ဝါရီ ၂၅ ရက်) နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန်ခန့်က မုဒုံ-ကျိုက်မရောကားလမ်း‌၊ ခုနှစ်ခွေတောင်ခြေလမ်းကွေ့တွင် ဘရိတ်ပေါက်ကာအရှိန်မထိန်းနိုင်ဘဲ တောင်စောင်းမှပြုတ်ကျ တိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မုဒုံမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ ကျိုက်မရောမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းသားများပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရသည်။

“ခုနှစ်ခွေတောင်အဆင်းလမ်းက နောက်ဆုံးကွေ့နေရာမှာဖြစ်သွားတာ၊ ဘရိတ်ပေါက်သွားတော့ အရှိန်မထိန်းနိုင်ဘဲ တောင်စောင်းကနေ ပြုတ်ကျသွားတာပါ”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။

” ကားက ဝိတ်လည်းပါတော့ အကွေ့မှာ အရှိန်မထိန်းနိုင်ပဲ လမ်းဘေးကိုထိုးကျပြီး မှောက်သွားတာ၊ ကားခေါင်းခန်းမှာညပ်နေတဲ့ယာဉ်မောင်းကို ခက်ခက်ခဲခဲနဲ့ အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့ပါတယ်၊ ကားခေါင်းပိုင်းက‌တောာ့ တော်တော်လေးပျက်စီးသွားတယ်” ဟု ကယ်ဆယ်ရေးလုပ်ငန်းတွင် ပါ၀င်ခဲ့သူတစ်ဦးက ပြောသည်။

အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် ကားခေါင်းခန်းအတွင်းညပ်ပြီး ဒဏ်ရာ(မစိုးရိမ်ရ)ရခဲ့သောယာဉ်မောင်း ကျား(၁)ဦး အား မုဒုံလူမှုကူညီရေးအသင်းယာဉ်ဖြင့် မော်လမြိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – မုဒုံအရေးပေါ်လူမှုကယ်ဆယ်ရေးအဖွဲ့


LEAVE A REPLY

Please enter your comment!
Please enter your name here